Author Archives: Aye Kyimann

  • သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် (၂၆-၆-၂၀၁၇) ရက်နေ့တွင် မြိတ်မြို့နယ် အထက (ခွဲ) တောရကျောင်း၌ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် အကြောင်းအရာများအား ဆွေးနွေးဟောပြောခြင်း၊ ရှောင်ရန်/ဆောင်ရန် များဟောပြောခဲ့ပြီး လက်ကမ်းစာစောင်၊ နံရံကပ်ပိုစတာများ၊ ကျောင်းသုံး ဗလာစာအုပ်နှင့် မုန်တိုင်းအသိပညာပေးဗွီနိုင်းအား ဖြန့်ဝေပေးခဲ့ပါသည်။ ထိုဟောပြောပွဲသို့ တက်ရောက်သူ ကျောင်းသား၊ ကျောင်းသူဦးရေနှင့် ဆရာ၊ ဆရာမ စုစုပေါင်း (၁၅၀) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် (၂၆-၆-၂၀၁၇) ရက်နေ့တွင် မြိတ်မြို့နယ် အထက (ခွဲ) တောရကျောင်း၌ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် အကြောင်းအရာများအား ဆွေးနွေးဟောပြောခြင်း၊ ရှောင်ရန်/ဆောင်ရန် များဟောပြောခဲ့ပြီး လက်ကမ်းစာစောင်၊ နံရံကပ်ပိုစတာများ၊ ကျောင်းသုံး ဗလာစာအုပ်နှင့် မုန်တိုင်းအသိပညာပေးဗွီနိုင်းအား ဖြန့်ဝေပေးခဲ့ပါသည်။ ထိုဟောပြောပွဲသို့ တက်ရောက်သူ ကျောင်းသား၊ ကျောင်းသူဦးရေနှင့် ဆရာ၊ ဆရာမ စုစုပေါင်း (၁၅၀) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါ သည်။ Source:    မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၆-၂၀၁၇) ရက်နေ့တွင် သံတွဲမြို့အမှတ် (၁) ရပ်ကွက် မာဃလမ်း၌ဖြစ်ပွားခဲ့သော မီးဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးသော အိမ် (၁) လုံးမှ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၆) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ လူဦးရေ (၂) ဦးအတွက် (၇) ရက်စာ (၄၂၀၀/-) ကျပ်၊ စုစုပေါင်း (၄၄၂၀၀/-) ကျပ်တို့အား သံတွဲမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီဌာနခန်းမ၌ ဘေးသင့်ပြည်သူလက်ဝယ်သို့ … Read more

  • သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် (၂၃-၆-၂၀၁၇) ရက်နေ့တွင် မြိတ်မြို့နယ်၊ ငွေပုလဲရပ်ကွက်အခြေခံပညာမူလတန်းကျောင်းတွင် သဘာဝဘေး အန္တရာယ်နှင့်ပတ်သက်သည့်အကြောင်းအရာများအား ဆွေးနွေးဟောပြောခြင်း၊ ရှောင်ရန်ဆောင်ရန်များ ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်၊ နံရံကပ်ပိုစတာများ၊ ကျောင်းသုံးဗလာစာအုပ်နှင့် ခဲတံများ၊ မုန်တိုင်းအသိပညာပေး ဗီနိုင်းပိုစတာများအား ဖြန့်ဝေပေးခဲ့ပါ သည်။ ထိုဟောပြောပွဲသို့ ဆရာ၊ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူဦးရေ စုစုပေါင်း (၈၈) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:    မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • မိုရာမုန်တိုင်းကြောင့် လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါက်တောမြို့နယ်တွင် မိုရာမုန်တိုင်းကြောင့် လေဘေးသင့် လူနေအိမ်နှင့် ဘုန်းတော်ကြီးကျောင်းများ အတွက် သတ်မှတ်နှုန်းထားအလိုက် လုံးဝပျက်စီးအိမ် (၂၁) လုံးအတွက် (၁၀၀၀၀၀/-) ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ် (၂၈၂) လုံးအတွက်(၂၀၀၀၀/-) ကျပ်၊ လုံးဝပျက်စီးတိုက်အိမ် (၃၁) လုံးအတွက် (၂၀၀၀၀၀/-) ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးတိုက်အိမ် (၁၇၀) လုံးအတွက် (၅၀၀၀၀/-) ကျပ်၊ တစ်စိတ်တစ်ပိုင်းဘုန်းတော်ကြီးကျောင်း (၅) ကျောင်းအတွက် (၁၀၀၀၀၀/-) ကျပ်၊ စုစုပေါင်း (၂၂၉၄၀၀၀၀/-) ကျပ်တို့အား … Read more

  • ဗဟိုသိုလှောင်ရုံအဆင့်မြှင့်တင်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးမှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်သည် (၂၃-၆-၂၀၁၇) ရက်နေ့၊ နံနက် (၀၉:၄၅) နာရီအချိန်၌ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ဗဟိုသိုလှောင်ရုံအဆင့်မြှင့်တင်နိုင်ရေးအတွက် လိုအပ်သည့်အဆောက်အဦပိုင်းဆိုင်ရာ ပြင်ဆင်မွမ်းမံ ခြင်းများ၊ ပစ္စည်းကိရိယာများဖြည့်စွက်ခြင်းများနှင့် ကယ်ဆယ်ရေးပစ္စည်းများသိုလှောင်ဖြည့်တင်းခြင်းများစသည်တို့ကို WFP မှ တာဝန်ရှိသူများ၊ ဗဟိုသိုလှောင်ရုံမှ ဝန်ထမ်းများနှင့်တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ပြီး လိုအပ်သည့်လမ်းညွှန်မှုများပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

  • သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကော့ကရိတ်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့နှင့်ပူးပေါင်း၍ (၂၁-၆-၂၀၁၇) နေ့၌ ကော့ကရိတ်မြို့နယ် အမှတ် (၄) ရပ်ကွက် သုခဓမ္မရံသီ အပျိုလူပျိုဓမ္မာရုံတွင် သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြော ပွဲပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်း စာစောင်များလည်း ဝေငှပေးခဲ့ပါ သည်။ အဆိုပါ ဟောပြောပွဲသို့ လူဦးရေ (၁၅၀) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:    ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

    မကွေးတိုင်းဒေသကြီး၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူမြို့နယ်၊ ကျွန်းညိုကြီးကျေးရွာအုပ်စု၊  (၁၈-၆-၂၀၁၇) ရက်နေ့၌ ကမ်းပြိုဘေးဖြစ်ပွားခဲ့သော ကမ်းပြိုဘေးသင့် အိမ်ခြေ (၉) လုံး၊ အိမ်ထောင်စု (၉) စု၊ လူဦးရေ (၄၃) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၉) သိန်းကျပ်၊ ဆန်ရိက္ခာဖိုး (၉၀၃၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးတို့အား ပုည မုဒိတာလူမှုကူညီရေးအသင်းနှင့်အတူ (၂၀-၆-၂၀၁၇) ရက်နေ့တွင် ဘေးသင့်ပြည်သူများ၏လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:    ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပေးနှိုးဆော်ခြင်း (၃)

    ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပေးနှိုးဆော်ခြင်း   ၁။        မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ (၂၀-၆-၂၀၁၇)နေ့ (၀၉း၃၀)အချိန်တိုင်းထွာ ချက်များအရ လွန်ခဲ့သော(၂၄)နာရီအတွင်းက နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံအပြားမိုးထစ်ချုန်းရွာသွန်း ခဲ့ကြောင်း ထုတ်ပြန်ထားပါသည်။ ထိုကဲ့သို့ မိုးသည်းထန်စွာရွာသွန်းခဲ့ခြင်းကြောင့် ရေကြီး/ ရေလျှံမှု များဖြစ်ပေါ်လာနိုင်ပြီး ပုံမှန်ရေကြီးရေလျှံခြင်းမျိုးသာမက လျှပ်တပြက်ရေကြီးခြင်းများ၊ မြေပြိုမှုများ နှင့်ပတ်သက်၍ သတိထားရန်လိုအပ်ပါသည်။ ၂။        သို့ပါ၍ ပြည်သူလူထုများအနေဖြင့်လည်း ရေဘေးအန္တရာယ်နှင့်ပတ်သက်၍ အောက်ဖော်ပြပါ ကြိုတင်စီမံပြင်ဆင်ထားမှုများ ဆောင်ရွက်ထားနိုင်ပါရန် … Read more

  • သဘာဝဘေးစီမံခန့်ခွဲမှုသင်ခန်းစာများပို့ချမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၆-၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်း၌ သဘာဝဘေးအန္တရာယ်စီမံ ခန့်ခွဲမှုနှင့်ပတ်သက်၍သင်ခန်းစာပို့ချခြင်းအားဆောင်ရွက်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီး၊ နည်းပြနှင့်အုပ်ချုပ်သူစုစုပေါင်း (၁၂) ဦး၊ သင်တန်းသူ (၇၆) ဦး ၊စုစုပေါင်း (၈၈) ဦးတက်ရောက်ခဲ့ပါသည်။ ၎င်းနောက် မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေး၊ မိုးကြိုးဘေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။ ၎င်းနောက် သဘာဝဘေးအသိပညာပေးဗွီနိုင်းအား ကျောင်းအုပ်ရုံး ခန်းရှေ့နှင့် … Read more

Sign Up

Upcoming Events