Author Archives: Aye Kyimann
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား ဂျပန်နိုင်ငံ သံရုံးမှ သံအမတ်ကြီးH.E. Mr. Tateshi Higuchi နှင့် ဗြိတိန်နိုင်ငံ သံရုံးမှ သံအမတ်ကြီး H.E. Mr. Andrew Patrick တို့က လာရောက်တွေ့ဆုံမှုသတင်း
(၁၂-၁၀-၂၀၁၇) ရက်နေ့၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး အားဂျပန်နိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Tateshi Higuchi နှင့် ဗြိတိန်နိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Andrew Patrick တို့က အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမတွင် သီးခြားစီ လာရောက်တွေ့ဆုံပါသည်။ တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်အတွင်းအကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပွားချိန်မှစ၍ နိုင်ငံတော်အစိုးရအနေဖြင့် ဆောင်ရွက်နေသည့် လူသားချင်းစာနာမှုလုပ်ငန်းများ၊ ရခိုင် အရေးနှင့်ပတ်သက်၍ နိုင်ငံတကာမှနားလည်မှုလွဲမှားကာ ဝေဖန်နေသည့်ကိစ္စများ၊ လိုအပ်သောလူသားချင်းစာနာမှု အကူအညီများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်ရေး၊ … Read more
-
မြစ်ရေကြီးခြင်းသတိပေးချက် (၁၆း၀၀) နာရီအချိန်ထုတ်ပြန်ချက်
၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၁၉)ရက် (၁၆:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာန မှ မြစ်ရေကြီးခြင်းသတိပေးချက်ကို အောက်ပါအတိုင်း ထုတ်ပြန် ထားပါသည်။ ယနေ့မြန်မာစံတော်ချိန် (၁၅:၃၀)နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် မုံရွာမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၂)ပေခွဲခန့်တွင် ရောက်ရှိနေပါတယ်။ အဆိုပါမြစ်ရေသည် နောက် (၃)ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ ချင်းတွင်းမြစ်ရှိ မုံရွာမြို့နယ်အတွင်း မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူ များ အနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။
-
မြစ်ရေကြီးခြင်းသတိပေးချက် (၁၀း၀၀) နာရီအချိန်ထုတ်ပြန်ချက်
၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၁၉)ရက် (၁၀:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ မြစ်ရေကြီးခြင်းသတိပေးချက်ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။ မြစ်ရေကြီးခြင်းသတိပေးချက် ယနေ့မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန် တိုင်းထွာချက်အရ မြစ်သာမြစ်ရေသည် ပြင်သာ (ကလေးမြို့နယ်)တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၁) ပေခွဲခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် (၁) ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ကျော်လွန်ရောက်ရှိနိုင်ပါသည်။ ယနေ့မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန် တိုင်းထွာချက်အရ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် … Read more
-
ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင် အထည်ဖော်ဆောင်ရွက်ရေးကော်မတီအဖွဲ့ ကျောက်တော် ကယ်ဆယ်ရေးစုရပ်များရှိ ပြည်သူလူထုအား အားပေးစကားပြောကြားပြီး ထောက်ပံ့ပစ္စည်းများပေး အပ်မှုသတင်း
စစ်တွေ စက်တင်ဘာ ၁၈ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင် အထည်ဖော်ဆောင်ရွက်ရေးကော်မတီအဖွဲ့မှ တွဲဖက် အတွင်းရေးမှူး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ အဖွဲ့ပူးတွဲဥက္ကဋ္ဌဦးညီပုနှင့် ပြည်နယ်အစိုးရ အဖွဲ့ ရုံးဧည့်ခန်းမ၌တွေ့ဆုံကာ နေရပ်ရှောင်ပြည်သူများ ပြည်လည်ထူထောင်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှေ့ဆက်လက်ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များအား ဆွေးနွေးကြသည်။ ယင်းနောက် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီအဖွဲ့သည် ပူးတွဲဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်၍ စစ်တွေမြို့မှ ကျောက်တော်မြို့သို့ရောက်ရှိပြီး သာသနာ့ဗိမာန်၌ နေရပ်မှစွန့်ခွာကာ ရောက်ရှိလာသော … Read more
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ ဒေါင်းနေကျေးရွာတွင် သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲအား (၁၃-၉-၂၀၁၇) ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာသူ၊ ကျေးရွာသား စုစုပေါင်း (၁၅၀) ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးမကျရောက်မီ၊ ကျရောက်နေစဉ်၊ ကျရောက်ပြီး နောက်ဆောင်ရွက်ရမည့် ဆောင်ရန်၊ရှောင်ရန်များကို ရှင်းလင်းပြောပြပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် DAN Mobile Application အား ကျေးရွာသူ/ ကျေးရွာသားများ၏ လက်ကိုင်ဖုန်းများအတွင်း ထည့်သွင်းပေးခဲ့ပြီး အသုံးပြုပုံများကို ရှင်းလင်းပြောကြား ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုုံး(ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲနှင့် DAN Application အား ရှင်းလင်း ပြောကြားမှုသတင်း
လူမှှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၉-၂၀၁၇) ရက်နေ့တွင် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ကျွဲတဲကျေးရွာအုပ်စု၊ အေးကျွန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များ ဝေဌခြင်း နံရံကပ်ပိုစတာများဝေငှခြင်းနှင့် လူမှှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ရက် (၁၀၀) အလွန် ဆောင်ရွက်မည့်စီမံကိန်းများတွင် တစ်ခုအပါအဝင်ဖြစ်သည့် သဘာဝဘေးနှင့်စပ်လျဉ်းသည့် ပုံမှန်သတင်းများနှင့် အရေးကြီး သတင်း များ၊ မိုးလေဝသသတင်းများနှင့် မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်လျော့ပါးရေး ဆောင်ရွက်ချက်သတင်းများကို အချိန်နှင့်တပြေးညီ ပေးပို့ခြင်း၊ ဖြစ်ပေါ်လာနိုင်သည့် … Read more
-
မောင်တောခရိုင်အတွင်းရှိဒေသခံတိုင်းရင်းသားများအတွက် စားနပ်ရိက္ခာများ သွားရောက် ကူညီထောက်ပံ့ခြင်း၊ TIKA( Turkish Coopertion And Coordination Agency)မှလှူဒါန်းသော ဆန်အိတ်များလက်ခံခြင်း၊ ICRC၊ IFRC နှင့် MRCS တို့နှင့် အတူလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်မှုသတင်း
စစ်တွေ စက်တင်ဘာ ၆ ၁။ ပြည်ထောင်စုအစိုးရ၏ဦးဆောင်မှုဖြင့် ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် ခေတ္တနေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် ဒေသခံတိုင်းရင်းသား များအတွက် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်နှင့် ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးကျော်မင်းတို့သည် (၆-၉-၂၀၁၇)ရက်နေ့တွင် မောင်တောခရိုင် အတွင်းရှိ မင်္ဂလာညွန့်ကျေးရွာ နှင့်တမန်းသားကျေးရွာများသို့ တပ်မတော်ရဟတ်ယာဉ်ဖြင့် သွားရောက်ကာ ဆန်၊ ပဲအိတ်၊ … Read more
