Author Archives: Aye Kyimann

  • သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်း ပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁-၂၀၁၇)ရက်နေ့တွင် သရက်ချောင်းမြို့နယ် အ.လ.က သရက်နှစ်ခွ၌ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၀၀)ဦးအား သဘာဝဘေးအသိပညာပေး ဟောပြောဆွေးနွေးခဲ့ပြီး ဗလာ စာအုပ်များ၊ ဘောပင်များနှင့်လက်ကမ်း စာစောင်များဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:  တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

  • ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(မြစ်ခြေ)၌ ငလျင်ဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲကျင်း ပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ပူးပေါင်း၍ (၂၂-၁-၂၀၁၈)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီ အချိန်တွင် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(မြစ်ခြေ)၌  ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၂၀၀၀)ဦးကျော်အား ငလျင်ဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး ဗလာစာအုပ်များနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source:  ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁-၂၀၁၈)နေ့ မုံရွာမြို့၊ ယက်ကန်းကျောင်းရှိ သင်တန်းသား၊ သင်တန်းသူ (၅၀)ဦးနှင့် ဆရာ၊ ဆရာမ (၁၀)ဦး စုစုပေါင်း (၆၀)ဦးတို့အား သဘာဝဘေး အသိပညာပေးဆွေးနွေးဟောပြောခြင်းနှင့် လက်ကမ်း စာစောင်များဝေဌပေးခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:  စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

  • ကမ်းပြိုမှုကြောင့် ပြောင်းရွှေ့ခဲ့ရသောပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင် ဦးစီးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁၂-၂၀၁၇)ရက်နေ့၌ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ သောင်ပြင်ကုန်းကျေးရွာအုပ်စု ကန့်လန့်ကုန်း ကျေးရွာ၌ ကမ်းပြိုမှုကြောင့် ရွှေ့ပြောင်းခဲ့ရသော နေအိမ် (၃၂)လုံးအတွက် (၁၀၀၀၀၀/-)ကျပ်နှုန်းဖြင့် စုစုပေါင်း (၃၂၀၀၀၀၀/-)ကျပ်တို့ အား (၁၅-၁-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:  ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • ရေလုပ်သားများအား ကွင်းတားပိုက်ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီ တိုင်းဒေသကြီးဦးစီးရုံးမှ တာဝန်ရှိသူများသည် တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့၊ ကျေးရွာ(၅)ရွာမှ ရေလုပ်သားများအတွက် ငါးဖမ်း ရာ၌ အသုံးပြုရန် ကွင်းတားပိုက်(၂၅)လက်အား (၁၆-၁-၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:  တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

  • ထပ်မံရောက်ရှိလာသော တိုက်ပွဲရှောင်များပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၁-၂၀၁၈)ရက်နေ့တွင် ကျောက်မဲမြို့နယ်၊ အောင်မြေသာယာကျောင်းတွင်ထပ်မံရောက်ရှိလာသော လူဦးရေ (၈)ဦးနှင့် ဝါဆိုကျောင်းတွင် အိမ်ထောင်စု (၁၂)စု လူဦးရေ (၃၀) ဦး မိုင်းငေါ့ဘုန်းကြီးကျောင်းတွင် အိမ်ထောင်စု (၂) စု လူဦးရေ (၁၁)ဦး၊ အိမ်အမှတ်(၈)ရပ်ကွက်တွင် အိမ်ထောင်စု(၂)စုမှ လူဦးရေ(၁၄)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိး အိမ်ထောင်စု(၁၆)စုစာနှင့် လူဦးရေစုစုပေါင်း (၆၃)ဦးအတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာ တန်ဘိုးငွေ (၁၃၂၃၀၀/-)ကျပ်တိတိကို (၁၅-၁-၂၀၁၈)ရက်နေ့တွင် မိုင်းငေါ့ကျောင်း သို့ မော်တော်ယာဉ်ဖြင့်ပို့ဆောင်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more

  • ရေလုပ်သားများအား ကွင်းတားပိုက်ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီ တိုင်းဒေသကြီးဦးစီးရုံးမှ တာဝန်ရှိသူများသည် (၁၅-၁-၂၀၁၈)ရက်နေ့တွင် တနသ်ာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ ကျေးရွာ(၁၅)ရွာမှ ရေလုပ်သားများအတွက် ငါးဖမ်းရာတွင် အသုံးပြုရန်ကွင်းတားပိုက်(၃၀)လက်အား သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events