လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁-၂၀၁၈)နေ့ မုံရွာမြို့၊ ယက်ကန်းကျောင်းရှိ သင်တန်းသား၊ သင်တန်းသူ (၅၀)ဦးနှင့် ဆရာ၊ ဆရာမ (၁၀)ဦး စုစုပေါင်း (၆၀)ဦးတို့အား သဘာဝဘေး အသိပညာပေးဆွေးနွေးဟောပြောခြင်းနှင့် လက်ကမ်း စာစောင်များဝေဌပေးခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)