Author Archives: Aye Kyimann

  • ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအလုပ်ရုံဆွေးေနွးပွဲကျင်းပခြင်း

    ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ PARKROYAL HOTEL တွင် ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင် တက်ရောက်အမှာစကား ပြောကြားပါသည်။ ဒုတိယ၀န်ကြီးကပြောကြားရာတွင် မိမိတို့အစိုးရသစ်အနေဖြင့် တည်ငြိမ်အေးချမ်းရေးနှင့် စီးပွားရေးဖွံ့ဖြိုးတုိးတက်ရေးတို့ကို တစ်နိုင်ငံလုံး အတိုင်းအတာြဖင့် အလေးထားဆောင်ရွက်ခဲ့ပြီး ရခိုင် ပြည်နယ်၏ဖြစ်ပေါ်နေသည့်အခြေအနေများအရ ရခိုင်ပြည်နယ်အရေးကို အမျိုးသားဦးစားပေး လုပ်ငန်းစဥ်တစ်ရပ်အနေဖြင့် ချမှတ်ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ်၊ မေလကပင်စတင်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်သော ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေးဗဟိုကော်မတီကိုဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း၊ ထို့နောက် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံ ပေးကော်မရှင် … Read more

  • သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများသည်‌ (၆-၂-၂၀၁၈) ရက်နေ့တွင် အ.ထ.က ကဒက်ကြီး လောင်းလုံးမြို့နယ်၌ ကျောင်းသားကျောင်းသူအင်အား (၃၀၀)ဦးအား သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပြီး ဗလာစာအုပ်၊ ဘောလ်ပင်နှင့် လက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာများဝေငှခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။ Source:     တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး

  • သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများသည် (၆-၂-၂၀၁၈) ရက်နေ့တွင် အ.ထ.က သပြေရှောင် လောင်းလုံးမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူအင်အား (၃၀၀)ဦးအား သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောခြင်း၊ ဗလာစာအုပ်၊ ဘောလ်ပင်နှင့် ဗီနိုင်းပိုစတာဝေငှပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:     တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး

  • ငလျင်ဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများသည် (၇-၂-၂၀၁၈)ရက်နေ့၊ ထားဝယ်ပညာရေးကောလိပ်၌ သင်တန်းသားနှင့်နည်းပြအင်အား (၄၅၀)ဦးအား ငလျင်ဘေးအန္တရာယ်အသိပညာပေးဟောပြောခြင်း ၊ ဘောလ်ပင်နှင့် ဗီနိုင်းပိုစတာများဝေငှပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:     တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး

  • မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ သရက်တော ရပ်ကွက်၊ ဘီးတန်းလမ်းတွင် (၇-၂-၂၀၁၈)ရက်နေ့၌ ဖြစ်ပွားသော မီးဘေးသင့်နေအိမ် (၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၃၀၀၀၀၀/-)ကျပ်၊ မီးဘေးသင့်လူဦးရေ (၁၃)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၇၃၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံံ့ငွေ (၃၂၇၃၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး ကတ္တူပုံးအပါ (၃)ပုံး၊ Family Kits (၃) ပုံးတို့အား (၇-၂-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source:    ပြည်ခရိုင်ဦးစီးမှူးရုံး

  • မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ် ခရိုင်၊ ကျုံပျော်မြို့နယ်၊ အထောင်မြို့၊ အမှတ်(၄)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းတွင် (၅-၂-၂၀၁၈)ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ကျွမ်းပျက်စီးခဲ့သည့် သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၈၄၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၂၀၀၀၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၂၀၈၄၀၀/-)ကျပ်နှင့် Family Kits (၂၆)မျိုးပါ (၁)ပုံး(၈၂၀၀၀/-)ကျပ်၊ ပလပ်စတစ်ပုံး(၁)ပုံး (၆၁၅၀/-)ကျပ်တို့အား မီးဘေးသင့်ပြည်သူများ၏ (၆-၂-၂၀၁၈) ရက်နေ့တွင် လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source:   ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး

  • ချင်းပြည်နယ်အတွင်း ဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား ဒုတိယဝန်ကြီးကြည့်ရှု စစ်ဆေးမှုသတင်း

    ၅-၂-၂၀၁၈၊ နေပြည်တော် ချင်းပြည်နယ်၊ ဟားခါးမြို့တွင်ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးဦးစိုးအောင်သည် (၄-၂-၂၀၁၈)ရက်နေ့ ညနေပိုင်းတွင် ဟားခါးမြို့ရှိ ပြည်နယ်လူမှုဝန်ထမ်းရုံးသို့ရောက်ရှိပြီး ပြည်နယ်ရုံး ဆောက်အဦသစ်တည်ဆောက်နေမှုအခြေအနေများကိုကြည့်ရှုခြင်း၊ ပြည်နယ်တွင်းဆောင်ရွက်နေသော လူမှုဝန်ထမ်းလုပ်ငန်းများ ပီပြင်စွာ အကောင်အထည်ဖော်ရေး၊ ပြည်သူများ၏အကြံပြုချက်များကိုနားထောင်၍ ဆန်းသစ်သောအမြင် လုပ်ဆောင်ချက်များဖြင့် ပြည်သူကိုဝန်ဆောင်မှုပေးရေး၊ ချင်းပြည်နယ်တွင် ဆောင်ရွက်လျက်ရှိသော ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးများ ထောက်ပံ့သည့်လုပ်ငန်းများနှင့် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ပေးသည့်လူမှုရေးပင်စင်များ ထောက်ပံ့ပေးနေမှု လုပ်ငန်းများကို လက်ဝယ်အရောက်ထောက်ပံ့ပေးရန်အတွက် ကြပ်မတ်ပေးရေး ပေါင်းစပ်ညှိနှိုင်းရေးတို့ကို မှာကြားပါသည်။ ထို့နောက် (၅-၂-၂၀၁၈)ရက်နေ့ နံနက်ပိုင်းတွင် … Read more

  • သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲပြု လုပ်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများသည် (၆-၂-၂၀၁၈) ရက်နေ့တွင် ဗန်းမော်မြို့ ထွယ်ဆန် IDPs စခန်း၌ လူဦးရေ (၆၀) ဦးခန့်အား မီးဘေး၊ မြေပြိုဘေး၊ ငလျင်ဘေး၊ မိုးကြိုးဘေးနှင့်ပက်သက်သည့် ဆောင်ရန်/ ရှောင်ရန်များကို အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး သဘာဝဘေးနှင့်ပက်သက်သည့် လက်ကမ်းစာစောင် များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:     ဗန်းမော်ခရိုင်ဦးစီးမှူးရုံး

  • သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲပြု လုပ်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၂-၂၀၁၈)ရက်နေ့တွင် ဘားအံမြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား(၅၀၀)ဦးအား ငလျင်ဘေးအပါအဝင် မီးဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေး နှင့်ပတ်သက်သော ဆောင်ရန်/ရှောင်ရန်များ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ၊ ဗီနိုင်း ပိုစတာများ၊ ကျောင်းသုံးဗလာစာအုပ်များနှင့် ဘောပင်များအား ဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:    ကရင်ပြည်နယ်ဦးစီးမှူးရုံး

Sign Up

Upcoming Events