လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံသံအမတ်ကြီးမှ လာရောက်တွေ့ဆုံမှုသတင်း

၆-၂-၂၀၁၈၊ နေပြည်တော်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား တာဝန်ထမ်းဆောင်ပြီးပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံသံအမတ်ကြီး H. E. Mr. Dr. Ito Sumardi က ယနေ့ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံဆိုင်ရာအင်ဒိုနီးရှားသံအမတ်ကြီးက ယခုလိုလက်ခံတွေ့ဆုံသည့်အတွက် ကျေးဇူးတင်ရှိပါ ကြောင်း၊ မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင်ခဲ့သည့်ကာလအတွင်း အဆင်ပြေချောမွေ့ပြီး မိမိနိုင်ငံတွင် နေထိုင်ရသကဲ့သို့ ခံစားမိပါ ကြောင်း၊ ရခိုင်ပြည်နယ်ကိစ္စနှင့် ပတ်သက်၍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ အင်ဒိုနီးရှားနိုင်ငံ အနေဖြင့် ရခိုင်ပြည်နယ်အတွက် ဆက်လက် ပံ့ပိုးကူညီသွားမည်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်နှင့် ပတ်သက်၍ သတင်းအမှားများ၊ အတု အယောင်သတင်းများ ပြန့်နှံ့နေသော်လည်း အင်ဒိုနီးရှားပြည်သူများအနေဖြင့် အဖြစ်မှန်ကို သိရှိပါကြောင်း၊ မိမိမှာရဲဝန် ထမ်းဟောင်းတစ်ဦးဖြစ်သည့်အတွက် အစွန်းရောက်အကြမ်း ဖက်မှုများရန်မှ ပြည်သူများအား ကာကွယ်ရန် ကြိုးပမ်းအားထုတ်ရမှု များကို ကောင်းစွာ သိမြင်ပါကြောင်း၊ အတွေ့အကြုံအပေါ်အခြေခံပြီး အကြံဉာဏ်များလည်း ပေးလိုပါကြောင်း၊ နေရပ်စွန့်ခွာသူများ ပြန်လည် ဝင်ရောက်သည့်အခါ အစွန်းရောက်အကြမ်းဖက်သမားများ ပါမလာစေရေးသေချာစွာ စိစစ်သင့်ပါကြောင်း၊ ရခိုင်ပြည်နယ် မောင်တောဒေသဖြစ်စဉ်သည် ဘာသာရေးပဋိပက္ခ မဟုတ်ပဲဒေသခံလူမျိုးများနှင့် ရွေ့ပြောင်းနေထိုင်ကြသည့် လူမျိုးစုအကြား ပဋိပက္ခဖြစ်ပါကြောင်း၊ နိုင်ငံတကာမှစွပ်စွဲပြောကြားသည့် လူမျိုးတုန်း သတ်ဖြတ်မှုအတွက် သက်သေတစုံတရာမတွေ့ရှိရပါကြောင်း၊ ထိုသို့စွပ်စွဲမှုများသည် မျှတမှုမရှိပါကြောင်း၊ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံဖက်မှ ရပ်တည်လျက်ရှိပြီး ပဋိပက္ခဒါဏ်ခံစားရ သော ပြည်သူများအတွက် ယာယီခိုလှုံရေးစခန်းများနှင့် စာသင်ကျောင်းများ ဆောက်လုပ်ပံ့ပိုးပေးလိုပါကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုနှင့် လူမှုရေးရာစည်ပင်ဝပြော ရေးတို့အတွက် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ကူညီပေးလိုပါကြောင်း ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးမှ ယခုလိုအကြံပေးဆွေးနွေးသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ နိုင်ငံတော်အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်မှုများအတွက် အသိအမှတ်ပြုပါကြောင်း၊ အင်ဒိုနီးရှားနိုင်ငံမှထောက်ပံ့ပေးသည့် အမေရိကန်ဒေါ်လာ (၂၈၆,၀၄၉) တန်ဖိုးရှိ အစားအစာနှင့် အခြားသောလူသားချင်းစာနာကူညီမှုုဆိုင်ရာပစ္စည်းများအား လက်ခံရရှိပြီး ရသေ့တောင်မြို့နယ်၊ စေတီပြင် ကျေးရွာ၊ သာယာကုန်းကျေးရွာနှင့် အနောက်ပြင်ကျေးရွာ ရှိဒေသတွင်းနေရပ်စွန့်ခွာရွေ့ပြောင်းသူများအား ထောက်ပံ့ပေးပြီးဖြစ်ပါ ကြောင်း၊ စစ်တွေ၊ မောင်တော၊ ကျောက်ဖြူ၊ သံတွဲနှင့်မြောက်ဦးမြို့နယ်ရှိ ပဋိပက္ခဒါဏ်ခံစားရသူများအား အင်ဒိုနီးရှားနိုင်ငံမှ ထောက်ပံ့သည့် အမေရိကန်ဒေါ်လာ(၁၃,၃၂၀)တန်ဖိုးရှိ အစားအစားနှင့် အမျိုးသားဝတ်အဝတ်အထည်များအား ဖြန့်ဖြူးပေးခဲ့ပြီးပါ ကြောင်း၊ အာဆီယံဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ (ASEAN Committee on Disaster Management ACDM)၏ ပြန်လည် ထူထောင်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့တွင် မြန်မာနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် တွဲဖက်ဥက္ကဌတာဝန်များအတူတကွ ထမ်းဆောင် လျက်ရှိပါကြောင်း၊ UEHRD အား ဖွဲ့စည်းထားရှိပြီး မိတ်ဖက်နိုင်ငံများနှင့်မိတ်ဖက် အဖွဲ့အစည်းများ၏ အကူအညီများဖြင့် လူသားချင်းစာနာမှု အထောက်အပံ့များပံ့ပိုးပေးလျက်ရှိပါကြောင်း၊ ပြန်လည်ထူထောင်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး အတွက် စနစ်တကျအကောင်အထည်ဖေါ်လျက် ရှိပြီးဒေသတွင်းပြန်လည်ဝင်ရောက်မည့်သူများအတွက် နိုင်ငံအတွင်းနေထိုင်ခွင့် အထောက်အထား NVC (National Verification Card)ထုတ်ပေးပြီး လွတ်လပ်စွာ သွားလာခွင့်အား ဥပဒေအရ ရရှိနိုင်ရေး၊ ကျန်းမာရေးဝန်ဆောင်မှု၊ ပညာရေးနှင့် သက်မွေးဝမ်းကျောင်း လုပ်ငန်းများအား လွတ်လပ်စွာလုပ်ကိုင်နိူင်ရေးညှိနှိုင်းထားရှိပါကြောင်း၊ လူမှုအဖွဲ့အစည်းများ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးကြိုးပမ်းလျက်ရှိပါကြောင်း၊ လုံခြုံရေးဆိုင်ရာ လုပ်ငန်းများတိုးမြှင့်နိုင်ရန် ညှိနှိုင်းထားရှိပါကြောင်း၊ နိုင်ငံတွင်းပြန်လည်ဝင်ရောက်မည့်သူများအား စနစ်တကျလက်ခံရေး နိုင်ငံတကာစံနှုန်းများနှင့် အညီ ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် အင်ဒိုနီးရှားနိုင်ငံနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးခဲ့ပါသည်။

Source:   MSWRR

Sign Up

Upcoming Events