မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ သရက်တော ရပ်ကွက်၊ ဘီးတန်းလမ်းတွင် (၇-၂-၂၀၁၈)ရက်နေ့၌ ဖြစ်ပွားသော မီးဘေးသင့်နေအိမ် (၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၃၀၀၀၀၀/-)ကျပ်၊ မီးဘေးသင့်လူဦးရေ (၁၃)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၇၃၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံံ့ငွေ (၃၂၇၃၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး ကတ္တူပုံးအပါ (၃)ပုံး၊ Family Kits (၃) ပုံးတို့အား (၇-၂-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Source:    ပြည်ခရိုင်ဦးစီးမှူးရုံး

Sign Up

Upcoming Events