Author Archives: Aye Kyimann
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်မြတ်အေးမှ အစိုးရ၏ပြည်သူအတွက် ဦးစားပေးဆောင်ရွက်မှုဖြစ်သော လူမှုစီးပွါးဖွံ့ဖြိုး တိုးတက်ရေးတွင် အခြေခံဖြစ်သည့်ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရေး တိုက်တွန်းအားပေးမှုသတင်း
၃၁-၃-၂၀၁၈ နိုင်ငံတော်အစိုးရအနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဖွံဖြိုး တိုးတက်ရေးကို ပြည်သူများအတွက် ပထမဦးစားပေး အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျှက်ရှိရာ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍသည် အရေးပါသော ကဏ္ဍတစ်ရပ်ဖြစ်ပါသည်။ လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေးဦးအရွယ်ကလေးသူငယ်ဘဝတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်းက ထိရောက်မှုအရှိဆုံးဖြစ်သဖြင့် ရှေးဦး အရွယ်ကလေးသူငယ်များကို စနစ်တကျ ပြုစုပျိုးထောင်ပေးရန် မူလတန်းကြိုကျောင်းများစွာ လိုအပ်ပါသည်။ ထိုလိုအပ်ချက်များကို ဖြည့်ဆည်းရန် ဝန်ကြီးဌာနက ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်(၉း၃၅)နာရီတွင် လှိုင်သာယာမြို့နယ်ရှိ မူလတန်းကြို … Read more
-
လေပြင်းဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၃-၂၀၁၈)ရက်နေ့တွင် ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့၊ သပြေကုန်းနှင့် ထိန်ပင်ကျေးရွာ အုပ်စုများတွင် လေပြင်းဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဖြစ်သော နေအိမ်များပြုပြင်ပေးခြင်း၊ အိမ်အနီးရှိကျိုးကျနိုင် သောသစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူသို့ပန်ကြား ချက် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းလုပ်ငန်းများအားကျေးရွာကော်မတီအဖွဲ့ဝင်များ၊ကျေးရွာနေပြည်သူများနှင့်ပူးပေါင်း၍ ဆောင်ရွက် ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
မြန်အောင်မြို့နယ် တယ်ကုန်းအုပ်စုအတွင်း မီးလောင်ကွင်းကျေးရွာ၌ လေဘေးကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၃-၂၀၁၈)ရက်နေ့တွင် မြန်အောင် မြို့နယ်၊ တယ်ကုန်းအုပ်စုအတွင်း မီးလောင်ကွင်းကျေးရွာရှိ အိမ်ထောင်စုများအတွက် လေပြင်းဘေးကြိုတင်ပြင်ဆင်ရန် ခိုင်ခံ့မှု အားနည်းသောအိမ်များသို့ ပြင်ဆင်ပေးမှုလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မြန်အောင်မြို့နယ် တယ်ကုန်းအုပ်စုအတွင်း ထန်းပင်ကုန်းကျေးရွာ၌ လေဘေးကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၃-၂၀၁၈)ရက်နေ့တွင် မြန်အောင် မြို့နယ်၊ တယ်ကုန်းအုပ်စုအတွင်း ထန်းပင်ကုန်းကျေးရွာရှိ အိမ်ထောင်စုများအတွက် လေပြင်းဘေးကြိုတင်ပြင်ဆင်ရန် ခိုင်ခံ့မှု အားနည်းသောအိမ်များသို့ ပြင်ဆင်ပေးမှုလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ သေဆုံးသူအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၃-၂၀၁၈)ရက်နေ့ (၁၃:၃၀)နာရီ အချိန်ခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့၊ ဆွာမြောက်ပိုင်းရပ်ကွက် အုန်းခြံရပ်ရှိ ထာဝရဘိုးဘွားရိပ်သာတွင် တောမီးလောင်ကျွမ်းမှုကြောင့် ဒဏ်ရာရှိသူ (၂)ဦးအနက် ဦးခင်မောင်ဝင်း အသက်(၆၇)နှစ်သည် (၂၈-၃-၂၀၁၈)ရက်နေ့၌ သေဆုံး သွားသည့်အတွက် ထောက်ပံ့ငွေ (၂၅၀၀၀၀/-)ကျပ်အား (၃၁-၃-၂၀၁၈)ရက်နေ့တွင် ထပ်မံ၍သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ထပ်မံရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၃-၂၀၁၈)ရက်နေ့ ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့၊ ကွန်ကော်ကျးရွာအုပ်စု၌ ထိတွေ့မှုကြောင့် ကွန်ကော်ကျးရွာအုပ်စုနှင့် ကျောက်မဲကြီးကျေးရွာအုပ်စု၊ ကျေးရွာများမှ ထပ်မံ ရောက်ရှိလာသော တိုက်ပွဲရှောင်အိမ်ထောင်စု (၅၁)စုမှ ကျား(၆၃)ဦး၊ မ(၉၂)ဦး၊ စုစုပေါင်း (၁၅၅)ဦးအတွက် ကယ်ဆယ်ရေး ပစ္စည်း(၂၂)မျိုးတို့အား (၃၀-၃-၂၀၁၈)ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကျေးရွာများတွင် လေဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၃-၂၀၁၈)ရက်နေ့တွင် မြန်အောင် မြို့နယ်၊ မြစ်ကျိုးအုပ်စုအတွင်းရှိ မာလကာကုန်းကျေးရွာ၊ မြစ်ကျိုးကျေးရွာ၊ ကြခတ်ကုန်းကျေးရွာများတွင်ရှိသော အိမ်ထောင်စုများ အတွက် လေပြင်းဘေးကြိုတင်ပြင်ဆင်ရန် ခိုင်ခံ့မှုအားနည်းသောအိမ်များသို့ ပြင်ဆင်ပေးခြင်းများကို ကျေးရွာအုပ်ချုပ်ရေးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှ တာဝန်ရှိသူများ၊ ကျေးရွာအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းအဖွဲ့များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးနှင့် အမျိုးသမီးရေးရာအသင်းတို့နှင့်အတူ ကွင်းဆင်းဆောင်ရွက်မှုများပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ မီးဘေးသင့်ပြည်သူများ အတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်အောင်မြို့နယ်၊ ဇလုပ်ကြီးကျေးရွာအုပ်စု၊ ကန့်ဘလူကျေးရွာတွင် (၁၉-၃-၂၀၁၈)ရက်နေ့၌ မီးဘေးသင့်အိမ်ခြေ (၂)လုံး၊ အိမ်ထောင်စု (၂)စု၊ လူဦးရေ (၄)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃)သိန်းကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၈၄၀၀/-)ကျပ်၊ ကယ်ဆယ်ရေးရန်ပုံငွေစုစုပေါင်း (၃၀၈၄၀၀/-) ကျပ်တို့အား မြန်အောင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ တာဝန်ရှိသူများနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ (၃၀-၃-၂၀၁၈)ရက်နေ့၌ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ မီးဘေးကယ်ဆယ်ရေးစခန်းရှိ ပြည်သူများအတွက် ထောက်ပံ့ပေးအပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှှ တာဝန်ရှိသူများသည် ဖျာပုံမြို့နယ်၊ ဒေါ်ညိမ်းကျေးရွာအုပ်စု၊ ခါးပြတ်ကျေးရွာ၊ ရွှေထီးရွာမီးဘေးကယ်ဆယ်ရေးစခန်းသို့ ထပ်မံသွားရောက်၍ လူဦးရေ (၂၀၂)ဦးအတွက် ဆန်ဖိုးငွေ (၄၂၄၂၀၀/-)ကျပ်၊ အိမ်ခြေ(၃၀)၊ တန်လျား(၃)အိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၃)သိန်း၊ စုစုပေါင်း (၄၇၂၄၂၀၀/-)ကျပ်တိတိအား (၃၀-၃-၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ကြက်ခြေနီလှုပ်ရှားမှု (Red Cross Movement) နှင့် အမေရိကန်အထက်လွှတ်တော်၊ နိုင်ငံခြားရေးရာကော်မတီမှတာဝန်ရှိသူတို့မှ လာရောက်တွေ့ဆုံမှုသတင်း
၃၀.၃.၂၀၁၈၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ကြက်ခြေနီလှုပ်ရှားမှု (Red Cross Movement) နှင့် အမေရိကန်အထက်လွှတ်တော်၊ နိုင်ငံခြားရေးရာကော်မတီ၊ အကြီးတန်းတာဝန်ခံ Ms. Charlotte Oldham-Moore ဦးဆောင်သောအဖွဲ့တို့က အဆိုပါဝန်ကြီးရုံး၌ သီးခြားစီလာရောက် တွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင် Red Cross Movement အနေဖြင့် ၂၀၁၇ခုနှစ်၊ စက်တင်ဘာလမှစတင်၍ ရခိုင်ပြည်နယ်အတွင်း နေရပ် စွန့်ခွာရွှေ့ပြောင်းသူများအား လူသားချင်းစာနာကူညီမှု လုပ်ငန်းများစတင်ဆောင်ရွက်ခဲ့မှုများ၊ စက်တင်ဘာလမှ ဒီဇင်ဘာလအတွင်း Red Cross Movement … Read more
