ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှှ တာဝန်ရှိသူများသည် ဖျာပုံမြို့နယ်၊ ဒေါ်ညိမ်းကျေးရွာအုပ်စု၊ ခါးပြတ်ကျေးရွာ၊ ရွှေထီးရွာမီးဘေးကယ်ဆယ်ရေးစခန်းသို့ ထပ်မံသွားရောက်၍ လူဦးရေ (၂၀၂)ဦးအတွက် ဆန်ဖိုးငွေ (၄၂၄၂၀၀/-)ကျပ်၊ အိမ်ခြေ(၃၀)၊ တန်လျား(၃)အိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၃)သိန်း၊ စုစုပေါင်း (၄၇၂၄၂၀၀/-)ကျပ်တိတိအား (၃၀-၃-၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)