ကျေးရွာများတွင် လေဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

31_Pic_02
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၃-၂၀၁၈)ရက်နေ့တွင် မြန်အောင် မြို့နယ်၊ မြစ်ကျိုးအုပ်စုအတွင်းရှိ မာလကာကုန်းကျေးရွာ၊ မြစ်ကျိုးကျေးရွာ၊ ကြခတ်ကုန်းကျေးရွာများတွင်ရှိသော အိမ်ထောင်စုများ အတွက် လေပြင်းဘေးကြိုတင်ပြင်ဆင်ရန် ခိုင်ခံ့မှုအားနည်းသောအိမ်များသို့ ပြင်ဆင်ပေးခြင်းများကို ကျေးရွာအုပ်ချုပ်ရေးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှ တာဝန်ရှိသူများ၊ ကျေးရွာအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းအဖွဲ့များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးနှင့် အမျိုးသမီးရေးရာအသင်းတို့နှင့်အတူ ကွင်းဆင်းဆောင်ရွက်မှုများပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။Source:  ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events