Author Archives: Aye Kyimann
-
” ထူးခြားမိုးလေဝသအခြေအနေ သတင်း”
(မြန်မာစံတော်ချိန် (၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ထူးခြားမိုးလေဝသအခြေအနေသတင်း အမှတ်စဉ်(၀၃/၂၀၁၈) ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် မိုးလေဝသတိုင်းထွာချက် များအရ အနောက်ဘက်မှ လာသောလေအေးများနှင့် ဘင်္ဂလား ပင်လယ်အော်မှလာသော လေနွေးများစုဆုံမှုကြောင့် (၇.၄.၂၀၁၈) ရက်နေ့မှ (၁၀.၄.၂၀၁၈)ရက်နေ့အတွင်း စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ မန္တလေးတိုင်းဒေ သကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်ပါသည်။
-
‘မသန်စွမ်းအကျုံးဝင်သော ဘေးအန္တရာယ်လျော့ပါးရေးစီမံကိန်း မိတ်ဆက်ပွဲအခမ်းအနား’သို့တက်ရောက်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၄-၂၀၁၈) ရက်နေ့တွင် ဘားအံမြို့ တော်ဝင်ရတနာဟိုတယ်၌ Maltser International အဖွဲ့အစည်းနှင့်ပူးပေါင်းပြုလုပ်သော ‘မသန်စွမ်းအကျုံးဝင်သော ဘေးအန္တရာယ် လျော့ပါးရေးစီမံကိန်းမိတ်ဆက်ပွဲအခမ်းအနား’ သို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါမိတ်ဆက်ပွဲအခမ်းအနားတွင် ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးမှ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၃-၂၀၁၈) ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ အဂ္ဂရာအုပ်စု၊ လယ်ကြားကုန်းကျေးရွာနှင့် ထန်းတပင်အုပ်စု၊ ထန်းတပင်ကျေးရွာတို့တွင် လေဘေးသင့် အမိုးလန်နေအိမ် (၈)လုံး အတွက် တန်ဖိုးသင့်နှုန်းထားများဖြင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၈၆၅၀၀/-)ကျပ်တို့အား (၅-၄-၂၀၁၈) ရက်နေ့တွင် ပေါင်းတည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်၍ ပြည်သူများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ငလျင်အသိပညာပေးဆွေးနွေးဟောပြောပွဲပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၃-၂၀၁၈)ရက်နေ့ နံနက် (၁၀း၃၀)နာရီမှ (၁၃း၀၀)နာရီထိ မော်လိုက်မြို့နယ်၊ ထော်သာကျေးရွာအုပ်စု ထော်သာကျေးရွာတွင် ပြန်/ဆက်ဦးစီးဌာန၊ မိုးဇလဦးစီး ဌာန စားသုံးသူရေးရာတို့နှင့်ပူးပေါင်း၍ လူဦးရေ (၇၀)ဦးအား ငလျင်အသိပညာပေးဆွေးနွေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဝေငှခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေဖြန့်ဝေပေးမှှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၄-၂၀၁၈)ရက်နေ့တွင် သောက်သုံး ရေရှားပါးသော ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ကိုင်းလယ်ကျေးရွာအုပ်စု၊ သုံးမွှာတာချောင်းကျေးရွာမှ အိမ်ထောင်စု(၆၂)၊ အိမ်ခြေ(၆၂)၊ လူဦးရေ(၃၆၂)ဦးအတွက် သောက်သုံးရေ ဂါလံ(၃၄၀၀)အား အာယုသုခဦးဆောင် ဆရာတော်ဦးပညာဇောတ (ပခုက္ကူမြို့အာယုသု ခရေကုသိုလ်တော်ယာဉ်)၊ ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်း ရေအလှူကား၊ ပုညမုဒိတာ (ကျန်းမာရေး စောင့်ရှောက်မှုနှင့် သွေးလှူအသင်း)လူမှုကူညီရေးအသင်းတို့ဖြင့် ပူးပေါင်းဆောင်ရွက်၍ သွားရောက်ထောက်ပံ့ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှှ တာဝန်ရှိသူများသည် (၃၁-၃-၂၀၁၈) ရက်နေ့တွင် မြောင်းမြ ခရိုင်၊ ပဒေသာကုန်းကျေးရွာအုပ်စု ပဒေသာကုန်းကျေးရွာ၌ ပြည်သူလူထု (၈၀)ဦးအား သဘာဝဘေးအသိပညာပေးဟောပြော ဆွေးနွေးခဲ့ပြီး သဘာဝဘေးဗွီနိုင်းပိုစတာများပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှှ တာဝန်ရှိသူများသည် (၃၁-၃-၂၀၁၈) ရက်နေ့တွင် မြောင်းမြ ခရိုင်၊ စံအိပ်ကျေးရွာအုပ်စု စံအိပ်ကျေးရွာ၌ ပြည်သူလူထု (၇၀)ဦးအား သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး သဘာဝဘေးဗွီနိုင်းပိုစတာများပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
အာဆီယံဘေးအန္တရာယ်တုံ့ပြန်ရေးနှင့်ဆန်းစစ်လေ့လာရေးအဖွဲ့၏ (၇)ရက်လုပ်ငန်းဝင်သင်တန်း၊ သင်တန်းဆင်းပွဲကျင်းပပြုလုပ်မှုသတင်း
မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ်၊ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပပြုလုပ်သည့် အာဆီယံဘေးအန္တရာယ်တုံ့ပြန်ရေးနှင့်ဆန်းစစ်လေ့လာရေးအဖွဲ့၏ လုပ်ငန်းဝင်သင်တန်းကို နေပြည်တော်တွင်(၂၆-၃-၂၀၁၈)ရက်နေ့မှ (၁-၄-၂၀၁၈)ရက်နေ့အထိ(၇)ရက်ကြာကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းအတွက် စာသင်ခန်းတွင်း သင်ကြားလေ့ကျင့်ဆွေးနွေးမှုများကို နေပြည်တော်၊ Aureum Place Hotel တွင် လည်းကောင်း၊ သင်တန်း၏ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်သည့် ဘေးအန္တရာယ်ဖြစ်ပွားချိန်တွင် အာဆီယံအဆင့်အရေးပေါ်တုံ့ပြန်မှုများလက်တွေ့နိုင်ရန် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှုကို ငလိုက်ကန်သာအပန်းဖြေစခန်းတွင် လည်းကောင်းကျင်းပပြုလုပ်ခဲ့ပါသည်။ သင်တန်း(၇)ရက်ပြည့်မြောက်သည့် (၁-၄-၂၀၁၈)ရက်နေ့၊ နေ့လည် (၁၃:၀၀)နာရီအချိန်တွင် အဆိုပါ လုပ်ငန်းဝင်သင်တန်းဆင်းပွဲ အခမ်းအနားကို ငလိုက်ကန်သာအပန်းဖြေစခန်းတွင် ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး တက်ရောက်အမှာ စကားပြောကြားခဲ့ပါသည်။ ဒုတိယဝန်ကြီးမှ … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ မုတ်သုန်ရာသီတွင် သဘာဝဘေးအန္တရာယ်များဖြစ်ပွားပေါ်ပေါက်လာပါက ထောက်ပံ့ နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ဗဟိုသိုလှောင်ရုံအခြေအနေအား ကြည့်ရှုစစ်ဆေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်တာဝန်ရှိသူ များသည် (၃၁-၃-၂၀၁၈)ရက်နေ့တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ဗဟိုသိုလှောင်ရုံ (ရန်ကုန်)သို့ရောက်ရှိပြီး မုတ်သုန်ရာသီတွင် သဘာဝဘေးအန္တရာယ်များဖြစ်ပွားပေါ်ပေါက်လာပါက ထောက်ပံ့နိုင်ရေးအတွက် တိုင်း ဒေသကြီး/ပြည်နယ်များရှိ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သိုလှောင်ရုံများသို့ ဖြည့်တင်းထားရှိမှုအခြေအနေများ၊ ဗဟို သိုလှောင်ရုံ (ရန်ကုန်)တွင် အရံသင့်ထောက်ပံ့နိုင်ရေးအတွက် ဝယ်ယူဖြည့်တင်းထားရှိမှုအခြေအနေများ၊ ကယ်ဆယ်ရေးပစ္စည်းများ အား သိုလှောင်ထားရှိစဉ် ပျက်စီးမှု၊ ပျောက်ဆုံး/လျော့နည်း/လေလွင့်မှုများမရှိစေရေး သိုလှောင်ရုံဝန်ထမ်းများမှ စနစ်တကျ ထိန်း သိမ်းစောင့်ရှောက်ရေးနှင့် စနစ်တစ်ကျထုတ်ပိုးရေး၊ အလူဇင့်သွပ်များတင်ဆောင်နေမှု၊ ထိမ်းသိမ်းထားရှိမှုအစရှိသည်များအား ကြည့်ရှု၍ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါကြောင်း သိရှိရပါသည်။ Source: … Read more
-
ကျေးရွာများတွင် လေဘေးကြိုတင်ကာကွယ်ရေးစီမံချက်လုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသ ကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးကြိုကာလဖြစ်သော ဧပြီ၊ မေ ကာလများတွင် လေပြင်းများကျရောက်နိုင်သဖြင့် (၃၁-၃-၂၀၁၈)ရက်နေ့၌ ပွင့်ဖြူမြို့နယ်၊ ကန်ပြည့်ကျေးရွာနှင့် စလင်းမြို့နယ်၊ ငွေတောင်ကျေးရွာတို့တွင် လေဘေးအန္တရာယ် ကြံ့ကြံ့ခံနိုင် ရေးအတွက် လေဘေးအန္တရာယ်ကြိုတင်ကာကွယ်ပြင်ဆင်ရေးလုပ်ငန်းများဖြစ်သော လေဘေးဒဏ်ခံနိုင်ရည်ရှိသော လူနေအိမ်များ ဖြစ်စေရေးအတွက် ကျေးရွာနေပြည်သူများ၊ ကျေးရွာအရန်မီးသတ်တပ်ဖွဲ့များနှင့်အတူ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
