ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ မုတ်သုန်ရာသီတွင် သဘာဝဘေးအန္တရာယ်များဖြစ်ပွားပေါ်ပေါက်လာပါက ထောက်ပံ့ နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ဗဟိုသိုလှောင်ရုံအခြေအနေအား ကြည့်ရှုစစ်ဆေးမှုသတင်း

1_Pic_01 1_Pic_02 1_Pic_03

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်တာဝန်ရှိသူ များသည် (၃၁-၃-၂၀၁၈)ရက်နေ့တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ဗဟိုသိုလှောင်ရုံ (ရန်ကုန်)သို့ရောက်ရှိပြီး မုတ်သုန်ရာသီတွင် သဘာဝဘေးအန္တရာယ်များဖြစ်ပွားပေါ်ပေါက်လာပါက ထောက်ပံ့နိုင်ရေးအတွက် တိုင်း ဒေသကြီး/ပြည်နယ်များရှိ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သိုလှောင်ရုံများသို့ ဖြည့်တင်းထားရှိမှုအခြေအနေများ၊ ဗဟို သိုလှောင်ရုံ (ရန်ကုန်)တွင် အရံသင့်ထောက်ပံ့နိုင်ရေးအတွက် ဝယ်ယူဖြည့်တင်းထားရှိမှုအခြေအနေများ၊ ကယ်ဆယ်ရေးပစ္စည်းများ အား သိုလှောင်ထားရှိစဉ် ပျက်စီးမှု၊ ပျောက်ဆုံး/လျော့နည်း/လေလွင့်မှုများမရှိစေရေး သိုလှောင်ရုံဝန်ထမ်းများမှ စနစ်တကျ ထိန်း သိမ်းစောင့်ရှောက်ရေးနှင့် စနစ်တစ်ကျထုတ်ပိုးရေး၊ အလူဇင့်သွပ်များတင်ဆောင်နေမှု၊ ထိမ်းသိမ်းထားရှိမှုအစရှိသည်များအား ကြည့်ရှု၍ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါကြောင်း သိရှိရပါသည်။
Source:    ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events