
(မြန်မာစံတော်ချိန် (၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
ထူးခြားမိုးလေဝသအခြေအနေသတင်း
အမှတ်စဉ်(၀၃/၂၀၁၈)
ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် မိုးလေဝသတိုင်းထွာချက် များအရ အနောက်ဘက်မှ လာသောလေအေးများနှင့် ဘင်္ဂလား ပင်လယ်အော်မှလာသော လေနွေးများစုဆုံမှုကြောင့် (၇.၄.၂၀၁၈) ရက်နေ့မှ (၁၀.၄.၂၀၁၈)ရက်နေ့အတွင်း စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ မန္တလေးတိုင်းဒေ သကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်ပါသည်။