
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၄-၂၀၁၈) ရက်နေ့တွင် ဘားအံမြို့ တော်ဝင်ရတနာဟိုတယ်၌ Maltser International အဖွဲ့အစည်းနှင့်ပူးပေါင်းပြုလုပ်သော ‘မသန်စွမ်းအကျုံးဝင်သော ဘေးအန္တရာယ် လျော့ပါးရေးစီမံကိန်းမိတ်ဆက်ပွဲအခမ်းအနား’ သို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါမိတ်ဆက်ပွဲအခမ်းအနားတွင် ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးမှ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)