Author Archives: Aye Kyimann

  • မြိတ်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀.၅.၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေး ကြောင့် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု အင်းရှည်ကုန်းကျေးရွာနှင့် သိန္ဒောကျေးရွာအုပ်စု သိန္ဒောကျေးရွာ လေဘေး သင့်အိမ်ထောင်စု(၄)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုးအား (၁၅.၅.၂၀၁၈)ရက်နေ့ နံနက်(၁၁း၀၀)နာရီချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ #ha_sgw #tny_may2018 Source:  မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၄)စုမှ ကျေးရွာခွဲ (၁၀)ရွာ၌ (၈-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၉) လုံး၊ အမိုးလန် (၈၁)လုံး၊ စုစုပေါင်း (၉၀)လုံးအတွက် (၁,၈၃၅,၄၈ရိ/-)ကျပ် တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၈၁)အိမ်ထောင်စာ၊ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၉) အိမ်ထောင်စာတို့အား အင်္ဂပူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့်အတူ (၁၄-၅-၂၀၁၈) ရက်နေ့ တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ (ကနဦး) ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_may2018 Source:  … Read more

  • ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂.၅.၂၀၁၈) ရက်နေ့ လေးပြင်း တိုက်ခတ်မှုကြောင့် ပန်းတောင်းမြို့နယ်၊ ကျေးရွာအုပ်စု(၄)စု ကျေးရွာ(၇)ရွာမှ အမိုးလန်နေအိမ် (၈)လုံးအတွက်  အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၄၈၈၈၅၀ိ/-)ကျပ်အား ပန်းတောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ (၁၅.၅.၂၀၁၈)ရက်နေ့ (၁၄း၀၀)နာရီအချိန်တွင် လေဘေးသင့်ပြည်သူများထံသို့ ထောက်ပံပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_may2018 Source:  ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉.၅.၂၀၁၈) ရက်နေ့ လေးပြင်း တိုက်ခတ်မှုကြောင့် ပန်းတောင်းမြို့နယ်၊ သရက်လိန်အုပ်စု ကရင်စုကျေးရွာတွင် ပြိုလဲနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀၀၀၀ိ/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆၃၀၀ိ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ စုစုပေါင်း(၁၀၆၃၀၀ိ/-)ကျပ် တို့အား ပန်းတောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ (၁၅.၅.၂၀၁၈)ရက်နေ့ (၁၄း၀၀)နာရီ အချိန်တွင် လေဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_may2018 Source:  ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇.၅.၂၀၁၈)ရက်နေ့ လေးပြင်း တိုက်ခတ်မှုကြောင့် ပန်းတောင်းမြို့နယ်၊ ကျေးရွာအုပ်စု(၂)စု ကျေးရွာ(၅)ရွာ အမိုးလန်နေအိမ်(၆)လုံးနှင့် ဘုန်းကြီးကျောင်း(၁)ကျောင်း တို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၃၇၄၀၀ိ/-)ကျပ်အား ပန်းတောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်အတူ (၁၅.၅.၂၀၁၈)ရက်နေ့ (၁၄း၀၀)နာရီအချိန်တွင် လေဘေးသင့်ပြည်သူများထံသို့ ထောက်ပံပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_may2018 Source:  ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ ကျေးရွာအုပ်စု(၁၄)စု၊ ကျေးရွာခွဲ(၂၆) ရွာတွင် (၁၂.၅.၂၀၁၈)ရက်နေ့နှင့် (၁၃.၅.၂၀၁၈)ရက်နေ့တို့၌ လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးဒဏ်ခံစားခဲ့ရသော အိမ်ခြေ (၇၈)လုံး၊ အိမ်ထောင်စု (၇၈)စုတို့အတွက် ပြိုလဲအိမ်ခြေ(၅)လုံးအတွက် (၁၈၆၇၆၅ိ/-)တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ (၅) အိမ်ထောင်စာကိုလည်းကောင်း၊ အမိုးလန်အိမ်ခြေ(၇၃)လုံးအတွက် (၁၃၅၁၂၃၀ိ/-)တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ (၇၃)အိမ်ထောင်စာကိုလည်းကောင်း၊စုစုပေါင်းကယ်ဆယ်ရေးပစ္စည်းတန်ဖိုး(၁၅၃၇၉၉၅ိ/-)ရှိသော ကယ်ဆယ်ရေးပစ္စည်းများအား လေးမျက်နှာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးခိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ (၁၅-၅-၂၀၁၈)ရက်နေ့တွင် ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း     သတင်းရရှိပါသည်။ #ha_sgw #ayy_may2018 … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးမှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅.၅.၂၀၁၈) ရက်နေ့၊ (၁၀း၀၀)နာရီအချိန်တွင် ကျိုက်မရောမြို့နယ်၊ ကျွန်းရွာကျေးရွာ၌ ကျေးရွာနေပြည်သူ (၁၀၀)ဦးအား သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး သဘာဝဘေး အသိပညာပေးလက်ကမ်းစာစောင်များဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_may2018 Source:  မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • နွားထိုးကြီးမြို့နယ် လေဘေးအတွက် ထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁.၅.၁၈)ရက်နေ့ လေပြင်းဘေး ဖြစ်ပွားသော နွားထိုးကြီးမြို့နယ်လေဘေးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၄၀)အိမ်ထောင်စုစာ၊ (၁၆)မျိုး (၂)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး(၂၀၅၀၆၀၀/-)ကျပ်၊ မြင်းခြံမြို့နယ်လေဘေးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး(၂၈) အိမ်ထောင်စု၊ (၁၆)မျိုး(၄)အိမ်ထောင်စုစာ အိမ်ဆောက်ပစ္စည်းဖိုးနှင့်ဆန်ရိက္ခာဖိုး(၁၇၆၅၂၀၀/-)ကျပ်တိတိ၊ တောင်သာမြို့နယ် လေဘေး အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၄)အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး(၁၃၃၀၀၀/-)ကျပ်တို့အား (၁၄.၅.၂၀၁၈)ရက်နေ့တွင် သွားရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #mdy_may2018 Source:  မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • ငါန်းဇွန်မြို့နယ်လေဘေးအတွက် ထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ငါန်းဇွန်မြို့နယ်အတွင်း (၁၁-၅-၂၀၁၈)ရက်နေ့ ဖြစ်ပွားသော လေဘေးကြောင့် ပြိုကျအိမ်ခြေ(၁၂)လုံး၊ တစိတ်တပိုင်းပျက်စီး(၁၈၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး ကျပ်ငွေ(၁၂၁၄၆၈၀၀ိ/-)တိတိ အား (၁၄.၅.၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ပါသည်။ #ha_sgw #mdy_may2018 Source:  မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)  

  • ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ (၁၀-၅-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်၌ တိုက်ခတ်ခဲ့ သည့် လေပြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ဒလ မြို့နယ်၊ သပြေကုန်းကျေးရွာမှ နေအိမ် (၁၀)လုံး၊ တပင်ရွှေထီးရပ်ကွက် မှနေအိမ် (၈)လုံး၊ ဘုရင့်နောင်ရပ်ကွက်မှ နေအိမ် (၁)လုံး၊ ရာဇသင်္ကြန်ရပ်ကွက်မှနေအိမ်(၇)လုံး စုစုပေါင်း နေအိမ်(၂၆)လုံးမှာ အလုံးလိုက် ပြိုလဲခြင်း၊ တစ်စိတ်တစ်ပိုင်းပျက်စီးခြင်းနှင့် အမိုးလန်ခြင်းများ ဖြစ်ပေါ်ခဲ့ပြီး အိမ်ထောင်စု (၂၆) စုမှ လူဦးရေ (၁၀၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၂,၂၄,၇၀၀ိ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂,၀၅၀,၀၀၀ိ/-)ကျပ် … Read more

Sign Up

Upcoming Events