ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

15_Pic_01
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇.၅.၂၀၁၈)ရက်နေ့ လေးပြင်း တိုက်ခတ်မှုကြောင့် ပန်းတောင်းမြို့နယ်၊ ကျေးရွာအုပ်စု(၂)စု ကျေးရွာ(၅)ရွာ အမိုးလန်နေအိမ်(၆)လုံးနှင့် ဘုန်းကြီးကျောင်း(၁)ကျောင်း တို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၃၇၄၀၀ိ/-)ကျပ်အား ပန်းတောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်အတူ (၁၅.၅.၂၀၁၈)ရက်နေ့ (၁၄း၀၀)နာရီအချိန်တွင် လေဘေးသင့်ပြည်သူများထံသို့ ထောက်ပံပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_sgw
#bgo_may2018
Source:  ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events