
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ ကျေးရွာအုပ်စု(၁၄)စု၊ ကျေးရွာခွဲ(၂၆) ရွာတွင် (၁၂.၅.၂၀၁၈)ရက်နေ့နှင့် (၁၃.၅.၂၀၁၈)ရက်နေ့တို့၌ လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးဒဏ်ခံစားခဲ့ရသော အိမ်ခြေ (၇၈)လုံး၊ အိမ်ထောင်စု (၇၈)စုတို့အတွက် ပြိုလဲအိမ်ခြေ(၅)လုံးအတွက် (၁၈၆၇၆၅ိ/-)တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ (၅) အိမ်ထောင်စာကိုလည်းကောင်း၊ အမိုးလန်အိမ်ခြေ(၇၃)လုံးအတွက် (၁၃၅၁၂၃၀ိ/-)တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ (၇၃)အိမ်ထောင်စာကိုလည်းကောင်း၊စုစုပေါင်းကယ်ဆယ်ရေးပစ္စည်းတန်ဖိုး(၁၅၃၇၉၉၅ိ/-)ရှိသော ကယ်ဆယ်ရေးပစ္စည်းများအား လေးမျက်နှာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးခိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ (၁၅-၅-၂၀၁၈)ရက်နေ့တွင် ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#ayy_may2018
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)