Author Archives: Aye Kyimann
-
ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ လေဘေးအတွက်ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅.၅.၂၀၁၈)ရက်နေ့တွင် သနပ်ပင်မြို့နယ်၊ မိုးခိုင်ကြီးကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေးမှ ပြိုလဲနေအိမ် (၃)လုံးနှင့် အမိုးလန်နေအိမ် (၁)လုံးတို့အတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့်ထောက်ပံ့ငွေ (၃၃၀၀၀၀/-)ကျပ်တိတိအား (၁၈.၅.၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_may2018 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ လေဘေးအတွက်ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅.၅.၂၀၁၈)ရက်နေ့တွင် ကဝမြို့နယ်၊ ထိတန်ကျေးရွာ၊ ခမွန်ကျေးရွာ မွေပွေးကုန်းကျေးရွာ၊ သာယာကုန်းကျေးရွာ၊ သံဒင်းကျေးရွာနှင့် ထဲနန်ကျေးရွာတို့၌ ဖြစ်ပွားသော လေပြင်း တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သော ပြိုလဲနေအိမ်(၁၃)လုံး အမိုးလန်နေအိမ်(၂၈)လုံးတို့အတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေ(၁၉၉၀၀၀၀/-)ကျပ်တိတိအား(၁၈.၅.၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_may2018 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ရင်ခွင်မဲ့ကလေးငယ်များ စနစ်တကျ ပြုစုစောင့်ရှောက်ရေးအတွက် ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ ကလေးပြုစုရေးဌာနတွင် မွေးကင်းစကလေးဆောင်ဖွင့်လှစ်မှုသတင်း
၁၉-၅-၂၀၁၈ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် တာဝန်ရှိ သူများနှင့်အတူ ယနေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ရွှေဂုံတိုင်ကလေးပြုစုရေးဌာနတွင် ကျင်းပပြုလုပ်သော မွေးကင်းစကလေးဆောင် ဖွင့်လှစ်ခြင်းအခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီး ကော်မတီ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ရင်ခွင်မဲ့ ကလေးငယ်များလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းကဦးဆောင်၍ ရင်ခွင်မဲ့ကလေးငယ်များကို စနစ်တကျပြုစု စောင့်ရှောက် ရေးအတွက် ဖွင့်လှစ်ခဲ့ပါကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းမှာ ကလေးသူငယ် အခွင့်အရေး (၄) ရပ်ထဲမှ အရေးကြီးဆုံးဖြစ်သည့် ရှင်သန်ခွင့်နှင့် ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်ကို လက်တွေ့အကောင်အထည်ဖော် … Read more
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီးဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၅-၂၀၁၈)ရက်နေ့တွင် ကန်ကြီးထောင့်မြို့နယ်၊ တကုန်းကြီး၊ အထက်တန်းကျောင်း၌ ဒုတိယတန်းသင်ရိုး ညွှန်းတမ်းသစ် မွမ်းမံသင်တန်းတက်ရောက်နေကြသော ဆရာ၊ ဆရာမ (၁၀၀)ဦးအား ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြော ခဲ့ပြီး လက်တွေ့လေ့ကျင့်မှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2018 Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၅-၂၀၁၈)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီမှ (၁၁း၃၀)အထိ ဒေးဒရဲမြို့၊ အထက(၁)တွင်ဖွင့်လှစ်နေသည့် ကျောင်းအုပ်အဆင့် ဒုတိယတန်း(သင်ရိုးသစ်)အလုပ်ရုံဆွေးနွေးပွဲပထမအသုတ်တွင် ဆရာ၊ ဆရာမ (၇၀၀)ဦးအား ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး လက်တွေ့လေ့ကျင့်မှုများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2018 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများသည် (၁၉-၅-၂၀၁၈) ရက်နေ့ နေ့လည် (၁၄:၀၀)အချိန်မှ (၁၅း၃၀)အချိန်ထိ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် အ.ထ.က (၁၄)တွင် ဖွင့်လှစ်လျက်ရှိသော ဆရာ/ဆရာမများ မွမ်းမံသင်တန်းရှိ ဆရာ၊ ဆရာမ (၂၂၁)ဦးအား ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး၊ ငလျင်ဇာတ်တိုက် လက်တွေ့လေ့ကျင့်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #npw_may2018 Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅.၅.၂၀၁၈)ရက်နေ့တွင် လှိုင်းဘွဲမြို့နယ် ပိုင်ကျုံမြို့၊ ပေါလောက်ကျေးရွာအုပ်စု တောင်ကလေးကျေးရွာ၌ ကျေးရွာသူ/သား အင်အား(၁၀၀)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပြီး ကရင်ပြည်နယ်တွင်ဖြစ်လေ့ရှိသော ဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များအား ဆွေနွေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ ဗီနိုင်းပိုစတာပေးအပ်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #krn_may2018 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
မိုးကြိုးဘေးကြောင့် သေဆုံးသူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇.၅.၂၀၁၈)ရက်နေ့၌ ဝေါမြို့နယ်၊ အရှေ့ ဘက်ကမ်းရပ်ကွက်၊ အောင်ချမ်းသာပိုင်း၊ သခင်မြ(၉)လမ်းတွင် ဖြစ်ပွားသော မိုးကြိုးဘေးကြောင့် သေဆုံးသူ ဦးမရမ်းသီး အသက်(၄၀)နှစ်အတွက် ထောက်ပံ့ငွေ(၃၀၀၀၀၀/-)ကျပ်နှင့် ထိန်တပင်ကျေးရွာအုပ်စု၊ ထိန်တပင်ကျေးရွာတွင်ဖြစ်ပွားသော မိုးကြိုးဘေးကြောင့် သေဆုံးသူ ဦးမင်းဇာဦး အသက်(၂၀)နှစ်အတွက် ထောက်ပံ့ငွေ(၃၀၀၀၀၀/-)ကျပ်တို့အား (၁၈.၅.၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ #ha_tls #bgo_may2018 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်သည့် အသိပညာပေးဆွေးနွေးဟာပြောမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၅-၂၀၁၈)ရက်နေ့၊ (၁၃း၀၀)နာရီမှ (၁၄း၃၀)နာရီထိ စစ်တွေမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ဓမ္မဇေယျခန်းမ၌ ဆရာ/ဆရာမ မွမ်းမံသင်တန်းတွင် ဆရာ/ ဆရာမ(၇၀၀)ဦးအား ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်သည့် အသိပညာပေးဆွေးနွေးဟာပြောခြင်း၊ လက်တွေ့လေ့ကျင့်ခန်းပြုလုပ်ခြင်းနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #rke_may2018 Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄.၅.၂၀၁၈)ရက်နေ့၊ (၁၃:၃၀)နာရီအချိနတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် လယ်ကုန်းရပ်ကွက်၌ ဖြစ်ပွားသည့် မီးဘေးကြောင့် သွပ်မိုးပျဉ်ကာ (၂)ထပ် နေအိမ်(၃)လုံးအတွက် (၆၀၀၀၀၀/-)ကျပ်၊ အိမ်ထောင်စု (၂)စု လူဦးရေ(၂၀)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးနှင့် (၃၂)မျိုးပါ Relief Kit ၊ဆန်ရိက္ခာ(၇)ရက် စာ (၂၀)ဦးအတွက် (၄၂၀၀၀/-)ကျပ်တို့အား (၁၈-၅-၂၀၁၈)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #kcn_may2018 Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
