
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၅-၂၀၁၈)ရက်နေ့၊ (၁၃း၀၀)နာရီမှ (၁၄း၃၀)နာရီထိ စစ်တွေမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ဓမ္မဇေယျခန်းမ၌ ဆရာ/ဆရာမ မွမ်းမံသင်တန်းတွင် ဆရာ/ ဆရာမ(၇၀၀)ဦးအား ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်သည့် အသိပညာပေးဆွေးနွေးဟာပြောခြင်း၊ လက်တွေ့လေ့ကျင့်ခန်းပြုလုပ်ခြင်းနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#rke_may2018
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)