
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅.၅.၂၀၁၈)ရက်နေ့တွင် လှိုင်းဘွဲမြို့နယ် ပိုင်ကျုံမြို့၊ ပေါလောက်ကျေးရွာအုပ်စု တောင်ကလေးကျေးရွာ၌ ကျေးရွာသူ/သား အင်အား(၁၀၀)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပြီး ကရင်ပြည်နယ်တွင်ဖြစ်လေ့ရှိသော ဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များအား ဆွေနွေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ ဗီနိုင်းပိုစတာပေးအပ်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#krn_may2018
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)