Author Archives: Aye Kyimann
-
မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရွှေချောင်း(ချောင်း) လျှပ်တပြတ်ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် (၇-၆-၂၀၁၈)ရက်နေ့တွင် လျှပ်တပြတ်ရေဘေးဖြစ်ပေါ်ခဲ့သည့် ရွှေချောင်းချောင်း၌ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဟန်ဇော်ဝင်းနှင့် ဒေါ်ဇင်နီနီဝင်း၊ ပခုက္ကူခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးကျော်အံ့မောင်နှင့် အဖွဲ့ဝင်များ၊ ပခုက္ကူမြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥက္ကဌ ဦးမြင့်ဆောင်နှင့်အဖွဲ့ဝင်များ၊ အနာဂတ်အလင်းရောင်လူငယ် ဖွံ့ဖြိုးရေးအသင်းဥက္ကဌ ဦးရဲထွဋ်၊ ပုညမုဒိတာ ကျန်းမာရေးစောင့်ရှောက်မှုနှင့် သွေးလှူအသင်းနှင့် လူမှုကူညီရေးအသင်းများ၊ ဒေသခံပြည် သူများနှင့်အတူပူးပေါင်း၍ ဘေးထိခိုက်ခံစားရနိုင်သည့် လူနေအိမ်များအား ဘေးလွတ်ရာနေရာများသို့ ဝိုင်းဝန်းရွှေ့ပြောင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပါသည်၊၊ အဆိုပါ လျှပ်တပြတ်ရေဘေးကြောင့် ရေထဲမျှောပါပျက်စီးဆုံးရှုံးခဲ့သည့် လူနေအိမ်(၇)လုံး၊ အိမ်ထောင်စု(၇)စု၊ … Read more
-
လေဘေးကြောင့် ဒဏ်ရာရရှိသူများအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၅-၂၀၁၈)ရက်နေ့ (၁၀း၄၀)နာရီအချိန်၌ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ အောင်နန်းရပ်ကွက်တွင် မိုးသည်း ထန်စွာရွာသွန်းပြီး လေပြင်းထန်စွာတိုက်ခတ်မှုကြောင့် ညောင်ပင်ပြိုလဲ၍ ပိမိကာ ဒဏ်ရာရရှိသည့် လူနာ(၃)ဦးအတွက် တစ်ဦးလျှင် (၅၀၀၀၀ိ/-)ကျပ်စီ စုစုပေါင်း (၁၅၀၀၀၀/-)ကျပ်တို့အား (၇-၆-၂၀၁၈)နေ့ (၁၄း၀၀)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #kcn_may2018 Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
မိုးကြိုးဘေးအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အိမ်မဲမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအုပ်စု ပေါက်ကုန်းကျေးရွာ၌ (၅-၆-၂၀၁၈)ရက်နေ့ (၁၅း၀၀)နာရီအချိန်တွင် လယ်တော တွင် ရေလိုက်ပိတ်နေစဉ် သန်းထိုက်ဆိုသူမိုးကြိုးထိမှန်၍သေဆုံးခဲ့ရာ အဆိုပါသေဆုံးသူ(၁)ဦးအတွက် ကျန်ရစ်သူမိသားစုထံသို့ ထောက်ပံ့ငွေ (၃၀၀၀၀၀ိ/-)တိတိအား (၇-၆-၂၀၁၈)ရက်နေ့ (၁၂း၀၀)နာရီအချိန်တွင် အိမ်မဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ #ha_tls #ayy_jun2018 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် (၇-၆-၂၀၁၈)ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် မိုင်းဖြတ်မြို့နယ်၊ ဟိုနားရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ လူဦးရေ (၁၀၀)ဦးခန့်အား ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခဲ့ပြီး လက်တွေ့သရုပ်ပြသခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် ဗွီနိုင်းပိုစတာပေးအပ်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar_eqk #shn_jun2018 Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ပြန်လည်ထူထောင်ရေးအဖွဲ့ဝင်များ ညှိနှိုင်းအစည်းအဝေးကျင်းပမှုသတင်း
နေပြည်တော်၊ ဇွန် (၆) မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့၏ ပြန်လည်ထူထောင်ရေးအဖွဲ့ဝင် များ ညှိနှိုင်းအစည်းအဝေးကိုလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ယနေ့ မွန်းလွဲ(၁၃း၀၀) တွင်ပြုလုပ်ခဲ့ရာ ပြန်လည်ထူထောင်ရေးအဖွဲ့ ဥက္ကဌ ဒုတိယဝန်ကြီး၊ ဦးစိုးအောင်တက်ရောက်၍ အဖွင့်အမှာ စကားပြောကြား ခဲ့ပါသည်။ ထိုသို့ပြောကြားရာတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းနှင့်ပတ်သတ်၍ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်နိုင်ရန် ပြန်လည်ထူထောင် ရေးအဖွဲ့ဝင်ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများမှ မိမိတို့ ကဏ္ဍအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်လိုကြောင်း၊ ပြင်ဆင်ပြီးဥပဒေအရ ဆောင်ရွက်ကြရန်လိုကြောင်း၊ ယခုရေးဆွဲထားသည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ နည်းဥပဒေတွင် … Read more
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ရုံးမှ တာဝန်များသည် (၆.၆.၂၀၁၈)ရက်နေ့ နေ့လည်(၁:၀၀)အချိန်၌ ပြွန်တန်ဆာမြို့၊ သာသနသောဘဏိကာရုံ ပင်းတလဲကျောင်းတိုက်တွင် ရပ်ရွာ ပြည်သူလူထု အင်အား (၂၀၀)ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဝေငှ ခြင်း၊ ပိုစတာများဖြန့်ဝေခြင်းနှင့် ခေါက်ဆွဲခြောက်ထုပ်များဝေငှခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #bgo_jun2018 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တယဝန်ရှိသူများသည် (၆-၆-၂၀၁၈)ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် မိုင်းဖြတ်မြို့နယ်၊ ဈေးတန်းရပ်ကွက်ရှိ ပြည်သူလူထု (၁၀၀)ဦး အား ငလျင်ဘေးအန္တရာယ် ဆိုင်ရာအသိပညာပေးဟောပြောခဲ့ပြီး ဆောင်ရန်/ရှောင်များ၊ လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်း၊ ဗွီနိုင်းပိုစတာများ ပေးအပ်ခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar_eqk #shn_jun2018 Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ မအူကုန်းကျေးရွာအုပ်စု၊ ကျုံတာ ကျေးရွာ၌ (၂.၆.၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျနေအိမ် (၁)လုံး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ (၆)ဦးအတွက် family kits (၂၆)မျိုး (၁)ပုံး (၈၆၀၀၀ိ/-)ကျပ်၊ ဆန်ရိက္ခာ (၇)ရက်စာ (၁၂၆၀၀ိ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀ိ/)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၁၂၆၀၀ိ/-)ကျပ်တို့အား (၅.၆.၂၀၁၈)ရက်နေ့ (၁၁း၃၅)နာရီအချိန်တွင် လေဘေးသင့့်ပြည်သူများ၏ လက်ဝယ်သို့အရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း … Read more
-
(၂၀၁၈ ခုနှစ်၊ မေလ (၃၀)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) လေဖိအာနည်းရပ်ဝန်းအခြေအနေ အမှတ်စဉ်(၀၉)၊၂၀၁၈
================================================= လေဖိအာနည်းရပ်ဝန်းအခြေအနေ အစီရင်ခံခြင်း ================================================= (၂၀၁၈ ခုနှစ်၊ မေလ (၃၀)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) လေဖိအာနည်းရပ်ဝန်းအခြေအနေ အမှတ်စဉ်(၀၉)၊၂၀၁၈ လေဖိအာနည်းရပ်ဝန်းအခြေအနေ ================================================= (က) ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကုန်းတွင်း မုန်တိုင်းငယ်(Land Depression)သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီးနောက် လေဖိအာနည်းရပ်ဝန်း(Low Pressure Area)အဖြစ်သို့ အားလျော့သွားပြီးဖြစ်ပါသည်။ သတိပေးနှိုးဆော်ချက် ================================================= (က) အဆိုပါ လေဖိအာနည်းရပ်ဝန်း(Low Pressure Area)၏ အရှိန်ကြောင့် ယနေ့မွန်းလွဲမှ နောက်(၂၄)နာရီအတွင်း တနင်္သာရီတိုင်းဒေသကြီးတွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ … Read more
-
(၂၀၁၈ ခုနှစ်၊ မေလ (၃၀)ရက်နေ့ မြန်မာစံတော်ချိန်(၁၁:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ကုန်းတွင်းမုန်တိုင်းငယ်သတိပေးချက် အမှတ်စဉ်(၀၈)၊၂၀၁၈ ကုန်းတွင်းမုန်တိုင်းငယ်အခြေအနေ
================================================= ကုန်းတွင်းမုန်တိုင်းငယ်သတိပေးချက် ================================================= (၂၀၁၈ ခုနှစ်၊ မေလ (၃၀)ရက်နေ့ မြန်မာစံတော်ချိန်(၁၁:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ကုန်းတွင်းမုန်တိုင်းငယ်သတိပေးချက် အမှတ်စဉ်(၀၈)၊၂၀၁၈ ကုန်းတွင်းမုန်တိုင်းငယ်အခြေအနေ ================================================= (က) ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကုန်းတွင်းမုန်တိုင်းငယ်(Land Depression)သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မုံရွာမြို့၏ အရှေ့မြောက်ဘက်(၁၀)မိုင်ခန့်၊ မန္တလေးမြို့၏ အနောက်မြောက်ဘက် မိုင် (၄၀)ခန့်၊ ရွှေဘိုမြို့၏ အနောက်တောင်ဘက် မိုင်(၃၀)ခန့်၊ မြင်းခြံမြို့၏ မြောက်-အနောက်မြောက်ဘက် မိုင်(၄၀)ခန့် အကွာတွင် ဆက်လက်တည်ရှိနေပါသည်။ နောက်(၉)နာရီအတွင်းခန့်မှန်းချက် (က) အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ်(Land Depression)သည် … Read more
