မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ပြန်လည်ထူထောင်ရေးအဖွဲ့ဝင်များ ညှိနှိုင်းအစည်းအ‌ဝေးကျင်းပမှုသတင်း

7_Pic_01
နေပြည်တော်၊ ဇွန် (၆)
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော  ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့၏ ပြန်လည်ထူထောင်ရေးအဖွဲ့ဝင် များ   ညှိနှိုင်းအစည်းအ‌ဝေးကိုလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအ‌ဝေးခန်းမ၌  ယနေ့ မွန်းလွဲ(၁၃း၀၀) တွင်ပြုလုပ်ခဲ့ရာ ပြန်လည်ထူထောင်ရေးအဖွဲ့ ဥက္ကဌ ဒုတိယဝန်ကြီး၊  ဦးစိုးအောင်တက်ရောက်၍ အဖွင့်အမှာ စကားပြောကြား ခဲ့ပါသည်။
ထိုသို့ပြောကြားရာတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းနှင့်ပတ်သတ်၍  လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်နိုင်ရန် ပြန်လည်ထူထောင် ရေးအဖွဲ့ဝင်ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများမှ မိမိတို့ ကဏ္ဍအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်လိုကြောင်း၊ ပြင်ဆင်ပြီးဥပဒေအရ ဆောင်ရွက်ကြရန်လိုကြောင်း၊ ယခုရေးဆွဲထားသည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော  ဆေးဝါးများဆိုင်ရာ နည်းဥပဒေတွင် လိုအပ်ချက်များပြည့်စုံစေရန် ဆုံချက်ဌာနအား မိမိတို့ကဏ္ဍအလိုက် အကြံပြုပေးကြရန်လိုအပ်ကြောင်း၊ သို့မှသာ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ပြင်ဆင်ထားသည့် ဥပဒေပါ ပြဌာန်းချက်များကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း၊ ဆောင်ရွက်ရန် လိုအပ်သည့် ဘဏ္ဍာငွေ ရရှိသုံးစွဲရန် နည်းလမ်းများလည်း ဖော်ဆောင်ရန်လိုအပ်ကြောင်း၊ လက်တွေ့ကြုံတွေ့ရသည့် အခက်အခဲများရှိက ဖြေရှင်းနိုင်ရန် ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြရန် ဖြစ်ကြောင်း၊  သက်ဆိုင်ရာဌာနအဖွဲ့အစည်းများအနေဖြင့် ဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်း များကို ဆွေးနွေးပြောကြားလိုကြောင်း၊ တက်ရောက်လာသူများမှ လိုအပ်ချက်များအား ဝိုင်းဝန်းဆွေးနွေးရန် လိုအပ်ကြောင်း ပြောကြားပါသည်။
ထို့နောက် တက်ရောက်လာကြသူများက ကဏ္ဍအလိုက် ဝိုင်းဝန်းဆွေးနွေးအကြံပြုကြပြီး အစည်းအ‌ဝေးကို ညနေ (၄)နာရီတွင် ရုပ်သိမ်း ခဲ့ပါသည်။

#hl2_otr
# npw_jun2018
Source:    MSWRR

Sign Up

Upcoming Events