Author Archives: Aye Kyimann

  • သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၇-၂၀၁၈) ရက်နေ့ (၁၃း၃၀) နာရီမှ (၁၄း၃၀) အချိန်ထိ ပုဗ္ဗသီရိမြို့နယ်၊ ဝဲကြီးကျေးရွာအုပ်စု၊ ကျောက်ခွက် သရက်တောကျေးရွာတွင် ကျေးရွာသူ/ကျေးရွာသား (၁၀၀)ဦးအား သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်နှင့် ပိုစတာများဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #npw_jul2018 Source:  ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

  • ရေဘေးကြောင့် သေဆုံးသူအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃.၇.၂၀၁၈)ရက်နေ့ (၁၆း၀၀)အချိန်ခန့်၌ တပ်ကုန်းမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွင်းမှုကြောင့် လယ်ပြင်မကျေးရွာအုပ်စု၊ လယ်ပြင်မကျေးရွာရှိ နတ်တောင်ချောင်းရေကြီးရေလျှံမှုကြောင့် ရေနောက်မျှောပါသေဆုံးသူ တစ်ဦးအတွက် ကယ်ဆယ်ရေးရန်ပုံငွေ (၃၀၀၀၀၀ိ/-)ကျပ်အား (၂၅.၇.၂၀၁၈)နေ့ (၁၄း၀၀)အချိန်တွင် ကျန်ရစ်သူမိသားစုထံသို့ သွားရောက် ထောက်ပံ့ခဲ့ဲကြောင်း သတင်းရရှိပါသည်။ #ha_fld #npw_jul2018 Source:  ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

  • ရေဘေးသင့်ပြည်သူများအတွက် ထပ်မံထောက်ပံ့ပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်မြို့နယ်၊ ထုံးတောင်ကျေးရွာအုပ်စု၊ လေးတိုင်စင်ကျေးရွာတွင် (၂၀.၇.၂၀၁၈)ရက်နေ့နှင့် (၂၂.၇.၂၀၁၈)ရက် နေ့တို့၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ဘေးလွှတ်ရာ ရွှေမုဌောဘုရားဝန်းသို့ပြောင်းရွှေ့နေထိုင်ခဲ့သော အိမ်ခြေ(၁၄)စု၊ အိမ်ထောင်စု (၁၄)စုတို့အတွက် ငါးသေတ္တာဖိုး (၁၂၆၀၀ိ/-)ကျပ်တို့အား (၂၅.၇.၂၀၁၈)ရက်နေ့တွင် သရက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများလက်ဝယ်သို့ ထပ်မံသွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #mgy_jul2018 Source:  သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ရေနံချောင်းမြို့နယ်တွင် ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေနံချောင်းမြို့နယ်၊ ကံသာကျေးရွာတွင် (၁၃-၇-၂၀၁၈)ရက်နေ့နှင့် (၂၄-၇-၂၀၁၈)ရက်နေ့အထိ ဖြစ်ပွားခဲ့ သောကမ်းပြိုဘေးကြောင့် အိမ်ခြေ(၁၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၆၀၀,၀၀၀ိ/-)ကျပ်၊ လူဦးရေ(၆၈)ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၁၄၂,၈၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၇၄၂,၈၀၀ိ/-)ကျပ်နှင့်  ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ အိမ်ထောင်စု (၁၆)စုစာတို့အား (၂၅-၇-၂၀၁၈)ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_jul2018 Source:    မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • ရေကြီးရေလျှံမှုများနှင့်ပတ်သက်၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကူညီထောက်ပံ့မှုများအခြေအနေ

    မြန်မာနိုင်ငံတစ်ဝှမ်း ရေကြီးရေလျှံမှုများဖြစ်ပေါ်လျှက်ရှိမှုအ‌ခြေအနေနှင့် ကူညီကယ်ဆယ်မှုများ ဆောင်ရွက်လျှက်ရှိမှုအ‌ခြေအနေ –    ၂၀၁၈ခုနှစ်၊ ဇူလိုင်လအတွင်း မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ရေကြီးရေလျံှမှုများဖြစ်ပွားလျှက်ရှိရာ (၉-၇-၂၀၁၈)နေ့မှ (၂၅-၇-၂၀၁၈)နေ့ထိ ကာလအတွင်း အိမ်ထောင်စု(၄၆၀၀)ကျော်၊ လူဦးရေ(၂၁၀၀၀)ကျော်တို့သည် ရေဘေးရှောင်စခန်းများ၊ တာဘောင်များ၊ နီးစပ်ရာဆွေမျိုးနေအိမ်များသို့ ခေတ္တတိမ်းရှောင်ခဲ့ရပါသည်။ အဆိုပါရေဘေးသင့်ဒေသများတွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို နိုင်ငံတော်နှင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၊ ဒေသခံလူမှုရေးအဖွဲ့ အစည်းများနှင့်ပူးပေါင်းဆောင်ရွက်လျှက်ရှိပြီး လူမှုဝန်ထမ်း၊ … Read more

  • ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်မြို့နယ်၊ ထုံးတောင်ကျးရွာအုပ်စု၊ လေးတိုင်စင်ကျးရွာတွင် (၂၀.၇.၂၀၁၈)ရက်နေ့နှင့်(၂၂.၇.၂၀၁၈)ရက်နေ့တို့၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ဘေးလွှတ်ရာရွှေမုဌောဘုရားဝန်းသို့ ပြောင်းရွှေ့နေထိုင်ခဲ့သော အိမ်ခြေ(၁၄)စု၊ အိမ်ထောင်စု (၁၄)စု၊ လူဦးရေ စုစုပေါင်း(၆၃)ဦးတို့အတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၁၃၂,၃၀၀/-)ကျပ်နှင့် ထုံးတောင်ကျေးရွာအုပ်စုအတွက် ရေသန့်ဆေးထုပ် (၃၀၀၀)ထုပ်တို့အား (၂၄.၇.၂၀၁၈)ရက်နေ့တွင် သရက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၏ရှေ့မှောက်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရေးများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #mgy_jul2018 Source:  သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ညောင်ဇောက်ကျေးရွာအုပ်စု၊ ကျောမကြားကျးရွာနှင့် အောင်ပန်းချောင်းကျေးရွာအုပ်စု၊ အောင်ပန်းချောင်းကျေးရွာတို့တွင် (၂၄.၇.၂၀၁၈)ရက်နေ့ (၁၁း၁၅)နာရီအချိန်၌ ချင်းတွင်းမြစ်ရေတိုက်စား၍ကမ်း ပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့မှုများ ဆောင်ရွက်ခဲ့ကြရာ  ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ်(၃)လုံး၊ အိမ်ထောင်စု(၃)စု၊ လူဦးရေ(၁၉)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ ဆန်ရိက္ခာဖိုး(၇)ရက်စာ(၃၉၉၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး(၃၀၀၀၀၀ိ/-)စုစုပေါင်း (၃၃၉၉၀၀ိ/-)ကျပ်တို့အား (၂၄.၇.၂၀၁၈)ရက်နေ့၊ ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူများနှင့်အတူ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_jul2018 Source:  ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၂၁.၇.၂၀၁၈)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ လက်ပန်နန်း ခလဲ ကျေးရွာ အုပ်စု၊ နန်းခလဲကျေးရွာနှင့် စပါယ်ချောင်းကျေးရွာအုပ်စု၊ ညောင်လေးပင်ကျေးရွာတို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၄)လုံးပြိုကျ ပျက်စီး၊ နေအိမ်(၈)လုံး အမိုးလန်တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ပြီး အိမ်ထောင်စု(၁၂)စုမှ လူဦးရေ(၃၄)ဦးတို့ လေဘေးသင့်ခဲ့ပါသဖြင့် ဘေးသင့် ပြည်သူများထံ အိမ်ဆောက်ပစ္စည်းဖိုး (၁၁၃၅၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုး (၇၁၄၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး (၁၂) အိမ်ထောင်စုစာတို့အား (၂၄.၇.၂၀၁၈)ရက်နေ့ (၁၀း၀၀)နာရီချိန်တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ygn_jul2018 … Read more

  • သဘာဝ‌ဘေးအန္တရာယ်‌ဆိုင်‌ရာအသိပညာ‌ပေး‌ဟော‌ပြောပွဲပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်‌ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိခင်‌နှင်‌့ က‌လေး‌စောင်‌့‌ရှောက်‌မှုကြီးကြပ်‌‌ရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ဖျာပုံမြို့နယ်၊ အ‌ထွေ‌ထွေအုပ်‌ချုပ်‌‌ရေးဦးစီးဌာန အစည်‌းအ‌ဝေးခန်‌းမ၌ (၂၄-၇-၂၀၁၈)ရက်‌‌နေ့၊ နံနက် (ဝ‌၉း၃၀)နာရီမှ (၁၆း၃၀)နာရီအထိ ဧရာဝတီတိုင်‌း‌ဒေသကြီ‌း၊ ဖျာပုံခရိုင်၊ မအူပင်‌ခရိုင်‌ရှိ မိခင်‌နှင်‌့ က‌လေး‌စောင်‌့‌ရှောက်‌မှုကြီးကြပ်‌‌ရေးအဖွဲ့ဝင် သင်‌တန်‌းသား(၄၀)ဦးအား သဘာဝ‌ဘေးအန္တရာယ်‌ဆိုင်‌ရာ အသိပညာ‌ပေး‌ဟော‌ပြောပွဲ ဆွေးနွေးခဲ့ပြီး အသိပညာများဖြန်‌့‌ဝေ‌ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_jul2018 Source:  ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မြစ်ရေကြီးခြင်းသတိပေးချက်

    ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၄)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၃:၀၀) နာရီ ချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ မြစ်ရေကြီးခြင်း သတိပေးချက်ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။ ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်ပေဝက် ခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် (၁)ရက် အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ ရွှေကျင်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။

Sign Up

Upcoming Events