
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ဖျာပုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ (၂၄-၇-၂၀၁၈)ရက်နေ့၊ နံနက် (ဝ၉း၃၀)နာရီမှ (၁၆း၃၀)နာရီအထိ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ မအူပင်ခရိုင်ရှိ မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင် သင်တန်းသား(၄၀)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ဆွေးနွေးခဲ့ပြီး အသိပညာများဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#ayy_jul2018
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)