ရေကြီးရေလျှံမှုများနှင့်ပတ်သက်၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကူညီထောက်ပံ့မှုများအခြေအနေ

1 2 3 4 6 7 8 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25_Pic_01

မြန်မာနိုင်ငံတစ်ဝှမ်း ရေကြီးရေလျှံမှုများဖြစ်ပေါ်လျှက်ရှိမှုအ‌ခြေအနေနှင့် ကူညီကယ်ဆယ်မှုများ ဆောင်ရွက်လျှက်ရှိမှုအ‌ခြေအနေ
–    ၂၀၁၈ခုနှစ်၊ ဇူလိုင်လအတွင်း မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ရေကြီးရေလျံှမှုများဖြစ်ပွားလျှက်ရှိရာ (၉-၇-၂၀၁၈)နေ့မှ (၂၅-၇-၂၀၁၈)နေ့ထိ ကာလအတွင်း အိမ်ထောင်စု(၄၆၀၀)ကျော်၊ လူဦးရေ(၂၁၀၀၀)ကျော်တို့သည် ရေဘေးရှောင်စခန်းများ၊ တာဘောင်များ၊ နီးစပ်ရာဆွေမျိုးနေအိမ်များသို့ ခေတ္တတိမ်းရှောင်ခဲ့ရပါသည်။ အဆိုပါရေဘေးသင့်ဒေသများတွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို နိုင်ငံတော်နှင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၊ ဒေသခံလူမှုရေးအဖွဲ့ အစည်းများနှင့်ပူးပေါင်းဆောင်ရွက်လျှက်ရှိပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ကျပ်(၄၀၁) သိန်းကျော်တန်ဖိုးရှိ စားနပ်ရိက္ခာ၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ကယ်ဆယ်ရေးပစ္စည်းများအား ထောက်ပံ့ပေးခဲ့ပါသည်။
–    လက်ရှိအ‌ခြေအနေအရ အချို့နေရာများတွင် ရေများပြန်လည်ကျဆင်းလျှက်ရှိပြီး မူလနေရာများသို့ ပြန်လည်ပြောင်းရွှေ့လျှက်ရှိကြောင်း နှင့် (၂၅-၇-၂၀၁၈)နေ့အ‌ခြေအနေအရ ကယ်ဆယ်ရေးစခန်း(၆၇)ခုတွင် အိမ်ထောင်စု (၄၂၀၀)ကျော်၊  လူဦးရေ(၁၉၀၀၀)ကျော်တို့ ဆက်လက် နေထိုင်လျှက်ရှိကြောင်း သိရှိရပါသည်။
–    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ များနှင့်ပူးပေါင်းကာ လိုအပ်သည့်ထောက်ပံ့ကူညီမှုများ ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

#hl2_fld
#mgy_jul2018
#sgg_jul2018
#ayy_jul2018
#tny_jul2018
#bgo_jul2018
#mon_jul2018
#krn_jul2018
Source:  DDM

Sign Up

Upcoming Events