Author Archives: Aye Kyimann
-
ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၈-၂၀၁၈)ရက်နေ့တွင် စစ်တောင်းမြစ်မှ ထူးကဲဒီရေမြင့်တက်မှုကြောင့် ကျိုက်ထိုမြို့နယ်၊ စစ်တောင်းကျေးရွာ၊ မုပ္ပလင်ကျေးရွာ၊ မရမ်းချောင်းကျေးရွာ၊ စွပ္ပနူးကျေးရွာများရှိ ရေဘေးသင့်အိမ်ထောင်စု(၁၂၃)စုအားအိမ်ထောင်စု(၁)စုလျှင် ဆန်(၆)ပြည်အိတ် (၁)အိတ်၊ စားသုံးဆီ(၁)လီတာဘူး(၁)ဘူး၊ ကြက်သွန်နီ(၅၀)ကျပ်သား၊ အာလူး(၁)ပိဿာ၊ ကုလားပဲခြမ်း(၅၀)သား၊ ငရုတ်အစိမ်းမှုန့် (၁၀) ကျပ်သား၊ ငါးနီတူခြောက်(၂၅)ကျပ်သားတို့အား မွန်ပြည်နယ်အစိုးရအဖွဲ့မှ စီမံဘဏ္ဏာဝန်ကြီး ဦးဝဏ္ဏကျော်နှင့်အတူလိုက်ပါ၍ (၁၄-၈-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #mon_aug2018 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၈-၂၀၁၈)ရက်နေ့ (၁၀း၀၀)နာရီမှ (၁၁း၃၀)အချိန်ထိ ဥတ္တရသီရိမြို့နယ်၊ ရွှေနံသာ ရပ်ကွက်၊ အမှတ်(၁)ဓမ္မာရုံ၌ ကျေးရွာသူ/ကျေးရွာသား (၁၅၀) ဦးအား သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်နှင့် ပိုစတာများဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #npw_aug2018 Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
-
မြစ်ရေကြီးမှုအခြေအနေသတင်း
၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၄)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၂:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့်ဇလဗေဒ ညွန်ကြားမှုဦးစီးဌာနမှ မြစ်ရေကြီးမှုအခြေအနေသတင်း ကိုအောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။ စစ်တောင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် (၁)ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက်(၂)ရက် အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ သံလွင်မြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် (၄)ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ … Read more
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လိုက်မြို့နယ်၊ ဝါးရုံသာကျေးရွာအုပ်စု၊ ရွှေလင်းတကျေးရွာ (၅-၈-၂၀၁၈)ရက်နေ့တွင် ချင်းတွင်းမြစ်ရေမြှင့်တက်မှု ကြောင့် ကမ်းပါးပြိုကျမှုအန္တရာယ်ကြုံတွေ့နိုင်သည့်အတွက် ကြိုတင်ဖျက်သိမ်းပြောင်းရွေ့ခဲ့သော အိမ်ခြေ(၁)အိမ် အိမ်ထောင်စု(၁)စု လူဦးရေ (၅)ဦးတို့အား ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုး၊ ဆန်ရိက္ခာဖိုး (၁၁၀,၅၀၀/-) ကျပ်တို့အား (၁၄-၈-၂၀၁၈)ရက်နေ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #sgg_aug2018 Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၃-၈-၂၀၁၈)ရက်နေ့တွင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့နှင့် ပူးပေါင်း၍ ရေကြည်မြို့နယ်၊ အင်းလျာကုန်းကျေးရွာ၌ ရေကြည်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ ကျေးလက်ကျန်းမာရေးအဖွဲ့ ရပ်မိရပ်ဖနှင့် ကျေးရွာသူ၊ ကျေးရွာသား စုစုပေါင်း (၈၀)ဦးအား မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြော ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_aug2018 Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း ပင်လယ်ဒီရေထူးကဲစွာမြင့်တက်လာမှုကြောင့် နေအိမ်(၃၇)လုံး ပျက်စီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကူညီထောက်ပံ့ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးနှင့် သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာအုပ်စု၊ တောင်ပိုင်းကျေးရွာ၌ (၁၂-၈-၂၀၁၈)နေ့ (၁၅:၀၀)အချိန်ခန့်တွင် ပင်လယ်ဒီရေထူးကဲစွာမြင့်တက်လာပြီး အဆိုပါဒီရေ၏အရှိန်ကြောင့် ပင်လယ်ကမ်းစပ်အနီးတွင်ရှိသော လူနေအိမ် (၃၇)လုံး ပြိုကျပျက်စီးခဲ့ရာ အိမ်ထောင်စု(၃၇)စုမှ လူဦးရေ(၁၈၈)ဦးတို့ကို ဘုန်းကြီးကျောင်းနှင့် ဆွေမျိုးများနေအိမ်သို့ ခေတ္တပြောင်းရွှေ့ ပေးထားပါသည်။ အဆိုပါ နေအိမ် (၃၇)လုံးအတွက် အိမ်(၁)လုံးလျှင်(၁)သိန်းနှုန်းဖြင့် (၃၇)သိန်း အပါအဝင် ကယ်ဆယ်ရေးပစ္စည်းများနှင့် ဆန်ရိက္ခာဖိုးငွေများ စုစုပေါင်း (၅,၂၉၁,၈၆၁/-) (ကျပ်ငါးဆယ့်နှစ်သိန်းကိုးသောင်းတစ်ထောင်ရှစ်ရာခြောက်ဆယ့်တစ်တိတိ)အား (၁၃-၈-၂၀၁၈)ရက်နေ့၊ နံနက်ပိုင်းတွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်းနှင့် လိုအပ်သည်များဆက်လက် … Read more
-
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေးဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) နှင့် မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ဒေသများအတွက်အလှူငွေများ ပေးအပ်လှူဒါန်းမှုသတင်း
နေပြည်တော် ၊ သြဂုတ်လ ၁၃ ရက် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) အတွက် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ National Humanitarian Fundraising For Myanmar(NHFMM)က အလှူငွေ အမေရိကန် ဒေါ်လာ(၂၀,၀၀၀)နှင့် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ဒေသများအတွက် ဘန်ကောက်မြို့ရှိ မြန်မာသံရုံး၊ စစ်သံရုံးဝန်ထမ်းမိသားစုများနှင့် ထိုင်းနိုင်ငံရောက်စေတနာရှင် မြန်မာလုပ်ငန်းရှင်အချို့က အလှူငွေထိုင်းဘတ်(၇၄၂,၀၀၀)ကို အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက် ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးကျော်တင်ကလည်းကောင်း၊ ချယ်ရီမေတ္တာဖောင်ဒေးရှင်းက အလှူငွေ ကျပ်(၁၅၀)သိန်းကို ဒုတိယဥက္ကဌ၊ ဦးစိုးထွန်းဇော်ကလည်းကောင်း၊ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၈-၂၀၁၈)နေ့တွင် (၁၀း၀၀)မှ (၁၂း၀၀)နာရီအချိန်ထိ ဒက္ခိဏသီရိမြို့နယ်၊ ဒက္ခိဏသီရိရပ်ကွက်၊ တောင်ဝိုင်းကြီးဘုရားဝန်းအတွင်း၌ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ရှိလူဦးရေ (၁၀၀)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #npw_aug2018 Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၉-၈-၂၀၁၈)ရက်နေ့ (၁၃:၀၀)အချိန်တွင် တောင်ကြီးမြို့၊ စဝ်စံထွန်းရပ်ကွက်၊ စဝ်စံထွန်းဆေးရုံဝန်းအတွင်း ဝန်ထမ်းလိုင်းခန်း (၃)ခန်းတွဲတွင် မိန်းခလုတ်မှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ(၁)၊ အိမ်ထောင်စု (၃)၊ လူဦးရေ (၁၉)ဦးအား ရှမ်းပြည်နယ် အစိုးရ အဖွဲ့ဝင် လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းမှ ထောက်ပံ့ငွေပေးအပ်ခြင်း၊ နှစ်သိမ့်အားပေးခြင်းများပြုလုပ်ခဲ့ပြီး မီးဘေးသင့်အိမ်ထောင်စု (၃)စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၂၂)မျိုး (၃)စုစာနှင့် လူဦးရေ (၁၉)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ ထောက်ပံ့ငွေ (၃၉,၉၀၀/-)ကျပ်တို့အား (၁၀-၈-၂၀၁၈)ရက် … Read more
-
ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉.၈.၂၀၁၈)ရက်နေ့ ည(၁၁:၀၀)အချိန်တွင် မိုးသည်းထန်စွာရွာသွန်းပြီး နှစ်ကျိပ်ရှစ်ဆူမြောင်း ရေမြင့် တက်လာမှုကြောင့် အမှတ်၂/၃ ရပ်ကွက်ရှိ လူနေအိမ်(၈၅)လုံး လူဦးရေ (၄၁၁)ဦးအား ရေဘေးလွတ်ရာဖောင်တော်ချက်မစခန်းတွင် ကြိုတင် ပြောင်းရွှေ့ပြီး ယာယီရေဘေးကယ်ဆယ်ရေးစခန်းဖွင့်ခဲ့ပါသည်။ အဆိုပါ ရေဘေးသင့်ပြည်သူ (၄၁၁)ဦးအတွက် ဆန်ဖိုးငွေ(၈၆၃,၁၀၀/-)ကျပ် အား (၁၀.၈.၂၀၁၈)ရက်နေ့(၁၁:၀၀)ချိန်တွင် နေပြည်တော်ကောင်စီဝင်ဗိုလ်မှူးကြီးမင်းနောင်၊ ဦးအေးမောင်စိန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့်အတူ ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #npw_aug2018 Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး … Read more
