
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉.၈.၂၀၁၈)ရက်နေ့ ည(၁၁:၀၀)အချိန်တွင် မိုးသည်းထန်စွာရွာသွန်းပြီး နှစ်ကျိပ်ရှစ်ဆူမြောင်း ရေမြင့် တက်လာမှုကြောင့် အမှတ်၂/၃ ရပ်ကွက်ရှိ လူနေအိမ်(၈၅)လုံး လူဦးရေ (၄၁၁)ဦးအား ရေဘေးလွတ်ရာဖောင်တော်ချက်မစခန်းတွင် ကြိုတင် ပြောင်းရွှေ့ပြီး ယာယီရေဘေးကယ်ဆယ်ရေးစခန်းဖွင့်ခဲ့ပါသည်။ အဆိုပါ ရေဘေးသင့်ပြည်သူ (၄၁၁)ဦးအတွက် ဆန်ဖိုးငွေ(၈၆၃,၁၀၀/-)ကျပ် အား (၁၀.၈.၂၀၁၈)ရက်နေ့(၁၁:၀၀)ချိန်တွင် နေပြည်တော်ကောင်စီဝင်ဗိုလ်မှူးကြီးမင်းနောင်၊ ဦးအေးမောင်စိန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့်အတူ ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fld
#npw_aug2018
Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)