ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

15_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၈-၂၀၁၈)ရက်နေ့တွင် စစ်တောင်းမြစ်မှ ထူးကဲဒီရေမြင့်တက်မှုကြောင့် ကျိုက်ထိုမြို့နယ်၊ စစ်တောင်းကျေးရွာ၊ မုပ္ပလင်ကျေးရွာ၊ မရမ်းချောင်းကျေးရွာ၊ စွပ္ပနူးကျေးရွာများရှိ ရေဘေးသင့်အိမ်ထောင်စု(၁၂၃)စုအားအိမ်ထောင်စု(၁)စုလျှင် ဆန်(၆)ပြည်အိတ် (၁)အိတ်၊ စားသုံးဆီ(၁)လီတာဘူး(၁)ဘူး၊ ကြက်သွန်နီ(၅၀)ကျပ်သား၊ အာလူး(၁)ပိဿာ၊ ကုလားပဲခြမ်း(၅၀)သား၊ ငရုတ်အစိမ်းမှုန့် (၁၀) ကျပ်သား၊ ငါးနီတူခြောက်(၂၅)ကျပ်သားတို့အား မွန်ပြည်နယ်အစိုးရအဖွဲ့မှ စီမံဘဏ္ဏာဝန်ကြီး ဦးဝဏ္ဏကျော်နှင့်အတူလိုက်ပါ၍ (၁၄-၈-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_fld
#mon_aug2018
Source:  မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events