Author Archives: Aye Kyimann

  • လေဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ခရိုင်၊ ပြည်မြို့နယ်၊ လွှစင်ကျေးရွာအုပ်စု၊ လယ်ဘဲ့ကျေးရွာတွင် (၂၀-၈-၂၀၁၈)ရက်နေ့ လေဘေးကြောင့် တစ်စိတ် တစ်ပိုင်းပျက်စီး ဘုန်းကြီးကျောင်း (၁)ကျောင်းအတွက် ထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်အား (၂၈-၈-၂၀၁၈)ရက်နေ့ (၁၂:၀၀)နာရီအချိန်တွင် လှူဒါန်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_aug2018 Source:  ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးကြောင့် သေဆုံးသူအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများသည် ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ကြူတောကန်အုပ်စု၊ နတ်ပုတီးကျေးရွာ၊ (၁၉-၈-၂၀၁၈)နေ့တွင် လေပြင်းတိုက်ခတ်မှု ကြောင့် သစ်ပင်ပိ သေဆုံးသူ (၁)ဦးအတွက် ထောက်ပံ့ငွေ (၃၀၀၀၀၀/-)ကျပ်၊ ဒဏ်ရာရ (၁)ဦးအတွက် ထောက်ပံ့ငွေ (၅၀၀၀၀/-)ကျပ်တို့အား (၂၈-၈-၂၀၁၈)ရက်နေ့ (၁၁:၀၀)နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_aug2018 Source:  ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ သာယာကုန်းကျေးရွာအုပ်စု တောင်ဇင်းကျေးရွာတွင် (၂၀-၈- ၂၀၁၈) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးမှ သစ်ပင်ပိ၍ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သော နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၅၅၀၀၀/-)ကျပ်အား (၂၈-၈-၂၀၁၈)ရက်နေ့ (၁၂း၀၀)နာရီအချိန်တွင် မိုးညိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာကျေးရွာအုပ် ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #bgo_aug2018 Source:  မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • မြို့နယ်အဆင့်အလုပ်ရုံဆွေးနွေးပွဲကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ပူးပေါင်းကျင်းပပြုလုပ်သော မြို့နယ်အဆင့်အလုပ်ရုံဆွေးနွေးပွဲ ကိုလောက်ကိုင်မြို့ နယ်ခန်းမ တွင် (၂၅-၈-၂၀၁၈)ရက်နေ့ နေ့လည်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ဗမာတိုင်းရင်းသားဝန်ကြီး Dr အောင်သန်းမောင်မှ အဖွင့်အမှာစကားပြော ကြားခြင်း၊ လူမှုဝန်ထမ်းနှင့် ဘေးစီမံပြည်နယ်မှူးများမှ လူမှုကာ ကွယ်စောင့်ရှောက်ရေးနှင့် သဘာဝဘေးလျော့ပါးရေး လုပ်ငန်းစဉ်များနှင့်မူးယစ် ဆေးဝါးအန္တရာယ်များအား ရှင်းလင်းဆွေးနွေးတင်ပြခြင်းများဆောင်ရွက်ခဲ့ရာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင် များ၊ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ကျောင်းသား၊ ကျောင်းသူများစုစုပေါင်း (၂၅၀)ဦးတက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_aug2018 Source:  … Read more

  • ကမ်းပြိုဘေးထောက်ပံ့ပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊  ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများသည် ပေါက်မြို့နယ်၊ ညောင်ဝန်းကျေးရွာအုပ်စု၊ ညောင်ဝန်းကျေးရွာ(မ)တွင် (၂၄/၂၅-၈-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့လူနေအိမ်(၅)လုံး၊ အိမ်ထောင်စု(၅)စု၊ လူဦးရေ(၂၃)ဦး ဘေးသင့်ခဲ့ရာ အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုး (၄၈၃၀၀/-)ကျပ်၊  ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ စုစုပေါင်း (၅၄၈၃၀၀/) (ကျပ်ငါးသိန်းလေးသောင်း ရှစ်ထောင့်သုံးရာတိတိ)တို့အား (၂၇-၈-၂၀၁၈)ရက်နေ့တွင် ပေါက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_aug2018 Source:  ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းစီမံချက်အလုပ်ရုံဆွေးနွေးပွဲကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ (၂၇-၈-၂၀၁၈)ရက် (၀၉း၀၀)နာရီတွင် ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးနှင့် IOM အဖွဲ့အစည်းတို့ပူးပေါင်း၍ဖွင့်လှစ်သည့် မြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းစီမံချက်အလုပ်ရုံဆွေးနွေးပွဲကျင်းပရာ ပြည်နယ်ဦးစီးမှူး ဦးကျော်မင်းမှ အဖွင့်အမှာစကားပြောကြားပြီး၊ မောင်တောင်ခရိုင်ဦးစီးမှူး ဦးမောင်မောင်ကြီးမှ အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဝင်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် IOM အဖွဲ့အစည်းမှ တာဝန်ရှိသူများ စုစုပေါင်း (၅၀)ဦးတက်ရောက်ခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲအား (၀၉း၀၀)နာရီမှ (၁၆း၃၀)နာရီချိန်ထိကျင်းပမည်ဖြစ်ပြီး သင်တန်းကာလမှာ (၂၇ -၈-၂၀၁၈) … Read more

  • ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာများဆွေးနွေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊  ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၈-၂၀၁၈)ရက်နေ့တွင် (၁၀း၀၀)မှ (၁၂း၀၀)နာရီအချိန်ထိ ပျဉ်မနားမြို့နယ် သစ်လေးလုံး အ.ထ.က စာသင်ကျောင်းတွင် ကျောင်းသား/ကျောင်းသူ (၂၅၀)ဦး၊ ပျဉ်းမနားမြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာများဆွေးနွေးဟာပြောခြင်းနှင့် သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်မှုများဆောင်ရွက်ခဲ့ပြီး လက် ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #simex_eqk #npw_aug2018 Source:   ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

  • ရေဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊  မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား ဦးကျော်ဆန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ညောင်တုန်းမြို့နယ်၊ တဇင်ရေကျော်ကျေးရွာအုပ်စု ကျေးရွာခွဲ (၆)ရွာ၌ (၂-၈-၂၀၁၈)ရက်နေ့နှင့် (၅-၈-၂၀၁၈)ရက်နေ့တို့တွင် ရေကြီးနှစ်မြုပ်မှု ကြောင့် ရေဝင်ပြီး မရွှေ့ပြောင်းနေအိမ် (၁၂၂)လုံး အိမ်ထောင်စု (၁၂၂) စုမှ စုစုပေါင်းလူဦးရေ (၅၂၆)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုး ရန်ပုံငွေ (၁၁၀၄၆၀၀/-)ကျပ်တို့အား ဘေးသင့်ပြည်သူများထံသို့ (၂၄-၈-၂၀၁၈) ရက်နေ့ (၁၀း၀၀)အချိန်တွင် သွားရောက်ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #ayy_aug2018 Source:   … Read more

Sign Up

Upcoming Events