Author Archives: Aye Kyimann

  • ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ် ဦးစီးမှူးရုံး တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ကွေ့ထောင့်ကျေးရွာအုပ်စု၊ ကွေ့ထောင့်ကျေးရွာနှင့် ငါးလန်ကျေးရွာအုပ်စု၊ ငါးလန်ကျေးရွာ တို့တွင် (၃၀.၈.၂၀၁၈)ရက်နေ့၊ (၁၂း၁၀)အချိန်၌ ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ငါးလန်ကျေးရွာ၊ ဓမ္မရိက္ခိတဘုန်းတော်ကြီးကျောင်းရှိကျောင်းဆောင်(၁)ဆောင်နှင့် ကွေ့ထောင့်ကျေးရွာ၊ လူနေအိမ် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့မှုများ ဆောင်ရွက်ခဲ့ကြရာ  ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ ကျောင်းဆောင်(၁)ဆောင်အတွက် ကျောင်းဆောက်ပစ္စည်းဖိုး(၁၀၀၀၀၀/-)ကျပ်၊ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ် (၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၉)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ ဆန်ရိက္ခာဖိုး(၇)ရက်စာ(၁၈၉၀၀/-)အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-) စုစုပေါင်း(၂၁၈၉၀၀/-)ကျပ်တို့အား (၃၁.၈.၂၀၁၈)ရက်နေ့တွင် ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူများနှင့်အတူ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများ … Read more

  • မြစ်ရေကြီးခြင်းသတိပေးချက်

        ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၃၁)ရက်နေ့၊ မြန်မာစံတော်ချိန် (၂၁:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာန မှမြစ်ရေကြီးခြင်းသတိပေးချက်ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။ ယနေ့မြန်မာစံတော်ချိန် (၂၀:၃၀)နာရီအချိန် တိုင်းထွာချက်အရ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် (၁)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ ရွှေကျင်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။

  • လေဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၃၀.၈.၂၀၁၈)ရက်နေ့ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့ အမှတ်(၁)ရပ်ကွက်နှင့် ပိတပ်ကျေးရွာလေဘေးတွင် လေဘေးသင့်ခဲ့ သော အိမ်ခြေ(၆)လုံး၊ အိမ်ထောင်စုမှ လူဦးရေ(၄၁)ဦးအတွက် ဆန်ဖိုး (၈၆၁၀၀/-)ကျပ်၊ ပြိုလဲအိမ်နှင့် အမိုးလန်အိမ်လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၆၀၀၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး(၁)စုနှင့် (၁၀)မျိုး (၅)စုစာ၊ အမိုးလန်ဘုန်းကြီးကျောင်းတွက် ထောက်ပံ့ငွေ (၉၈၀၀၀/-)ကျပ်တို့အား (၃၁.၈.၂၀၁၈)ရက်နေ့၊ (၁၅း၀၀)နာရီအချိန်တွင် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #tny_aug2018 Source:  မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ရေဘေးသင့်ပြည်သူများအတွက် အလှူငွေလာရောက်လှူဒါန်းမှုသတင်း

    (၃၁-၈-၂၀၁၈) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ရေဘေးသင့်ပြည်သူများအတွက် အလှူရှင်သံအမတ်ကြီး(ငြိမ်း) ဦးညွန့်မောင်ရှိန်ဦးဆောင်၍ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့မှ ငွေကျပ် (၁၁,၀၀,၀၀၀/-) အားလည်းကောင်း၊  Lotte Hotel & Resort Yangon မှ Human Resource Director ဒေါ်လှလှဌေး ဦးဆောင်သောဝန်ထမ်းများမှ ငွေကျပ် (၃၇,၇၅,၀၀၀/-)အား လည်းကောင်း လာ ရောက်လှူဒါန်းရာ တိုင်းဒေသကြီးဦးစီးမှူးမှ လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #ygn_aug2018 Source:  … Read more

  • သဘာဝဘေးအသိပညာပေးဆွေးနွေးဟောပြောပွဲပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁.၈.၂၀၁၈)ရက်နေ့ (၁၀း၃၀)နာရီအချိန်တွင် ဘိုကလေးမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း ဝေးခန်းမတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများ၊ ဘိုကလေးမြို့ပေါ်ရှိ စေတနာ့ ဝန်ထမ်းလူငယ်များ၊ စုစုပေါင်းအင်အား (၁၅၀)ဦးအား သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_aug2018 Source:  ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ကျေးရွာအုပ်စု(၁)စု၊ ရပ်ကွက်(၂)ခုတို့၌ (၂၆.၈.၂၀၁၈)ရက်နေ့ လေဘေးသင့် ပြိုလဲနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေး ပစ္စည်း(၉)မျိုး (ပလပ်စတစ်ပုံးပါ) (၁)အိမ်ထောင်စာ၊ လူ(၅)ဦးအတွက် ဆန်ဖိုး(၇)ရက်စာ(၁၀၅၀၀/-)၊ တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ် (၂)လုံး အတွက် တန်ဖိုးသင့်နှုန်းထားဖြင့် ထောက်ပံ့ငွေ(၁၇၀၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၈၀၅၀၀/-)ကျပ်တို့အား (၃၁.၈.၂၀၁၈)ရက်နေ့ တွင် မင်းးလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့သွားရောက်၍ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_aug2018 Source:  … Read more

  • လေဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉.၈.၂၀၁၈)ရက်နေ့ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ နတ်ရေကန်ကျေးရွာတွင် ဖြစ်ပွားခဲ့သောလေဘေး မှ ပြိုလဲနေအိမ်(၁)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၃)ဦး အတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ  ထောက်ပံ့ငွေ(၆၃၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၆၃၀၀/-)ကျပ်တို့အား (၃၀.၈.၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေး အပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_aug2018 Source:  ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • မြစ်ရေကြီးမှုအခြေအနေသတင်း

    ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၉)ရက်နေ့၊ မြန်မာစံတော်ချိန် (၂၁:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီး ဌာနမှမြစ်ရေကြီးမှုအခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။ စစ်တောင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၂၀:၃၀)နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် (၁)လက်မခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး လက်ရှိရေမှတ်မှ နောက်(၁)ရက်အတွင်း (၁)ပေခန့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်ပါသည်။ အကြံပြုချက် သို့ဖြစ်ပါ၍ တောင်ငူမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။

Sign Up

Upcoming Events