
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ကျေးရွာအုပ်စု(၁)စု၊ ရပ်ကွက်(၂)ခုတို့၌ (၂၆.၈.၂၀၁၈)ရက်နေ့ လေဘေးသင့် ပြိုလဲနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေး ပစ္စည်း(၉)မျိုး (ပလပ်စတစ်ပုံးပါ) (၁)အိမ်ထောင်စာ၊ လူ(၅)ဦးအတွက် ဆန်ဖိုး(၇)ရက်စာ(၁၀၅၀၀/-)၊ တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ် (၂)လုံး အတွက် တန်ဖိုးသင့်နှုန်းထားဖြင့် ထောက်ပံ့ငွေ(၁၇၀၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၈၀၅၀၀/-)ကျပ်တို့အား (၃၁.၈.၂၀၁၈)ရက်နေ့ တွင် မင်းးလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့သွားရောက်၍ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#bgo_aug2018
Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)