Author Archives: Aye Kyimann

  • ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ်၊ တဇင်ရေကျော်ကျေးရွာအုပ်စု ကျေးရွာခွဲ (၆)ရွာ၌ (၂၉-၈-၂၀၁၈)ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် ရေကြီး နှစ်မြုပ်မှုကြောင့် ရေဝင် မရွှေ့ပြောင်း နေအိမ် (၁၄၂)လုံး အိမ်ထောင်စု (၁၄၂)စုမှ စုစုပေါင်းလူဦးရေ (၆၅၁)ဦးအတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာ ရန်ပုံငွေ (၁၃၆၇၁၀၀/-) ကျပ်တို့အား (၂၉-၉ -၂၀၁၈)ရက်နေ့ (၀၉း၀၀)နာရီချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #ayy_sep2018 Source:   မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲ မှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းထွန်း၊ သာပေါင်းမြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့ နယ်၊ ဘုရားကုန်းကျေးရွာ၊ ဘုရားနီကျေးရွာ၊ ခေနန်ကျေးရွာ၊ ထန်းဇင်လှကြို့ကုန်း ကျေးရွာနှင့် အုတ်ရှစ်ကျေးရွာတို့တွင် (၂၀.၉.၂၀၁၈)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျနေအိမ် (၇)လုံး၊ အမိုးလန်နေအိမ် (၄)လုံးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုးပါ (၄)ပုံး (၇၄၀၄၀/-)ကျပ်၊  ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ (၇)ပုံး (၂၆၁၄၇၁)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀၀/-)ကျပ်၊ လူဦးရေ … Read more

  • ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဖွင့်လှစ်သော ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင် ရည်မြင့်တင်ခြင်းသင်တန်း ကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် (၂၇-၉-၂၀၁၈)ရက်နေ့ နေ့လည် (၁၄း၃၀)နာရီမှ (၁၆း၃၀)နာရီထိ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့် တင်ခြင်းသင်တန်းအား သင်တန်းသူ၊ သင်တန်းသား (၁၉)ဦးဖြင့် ကျင်းပခဲ့ရာ အဆိုပါ သင်တန်းတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်၊ ထောက်ပံ့မှုများနှင့် ဘေးများအကြောင်း၊  ရာသီ ဥတုပြောင်းလဲမှုကြောင့် ဘေးဖြစ်ပွားမှုနှင့် ငလျင်လှုပ်ခတ်နိုင်မှုအခြေအနေများ အသိပညာပေးဆွေးနွေးပို့ချခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_sep2018 Source:   ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ငလျင်ဘေးအသိပညာပေး ဗီနိုင်းဆိုင်းဘုတ် စိုက်ထူပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန    ္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဂန့်ဂေါမြို့နယ်၊ ဗိုလ်ချုပ်လမ်းနှင့် မီးစက်ရုံ လမ်းဒေါင့်ရှိ အ-လ-က စည်ပင်သာယာကျောင်းလမ်းဆုံ၌ (၂၇-၉-၂၀၁၈)ရက်နေ့တွင် သဘာဝဘေးအမျိုးမျိုးနှင့် စပ်လျဉ်း၍ ဆောင်ရန်၊ ရှောင်ရန် အချက်များအား ပြည်သူလူထုသိရှိစေရန်အတွက် ငလျင်ဘေးအသိပညာပေးဗီနိုင်းဆိုင်းဘုတ် စိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_sep2018 Source:  ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ကွင်းလျားကျေးရွာအုပ်စု၊ အုန်းပင်စုကျေးရွာတွင် (၂၀-၉-၂၀၁၈)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၁)လုံး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ (၄)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁)အိမ်ထောင် စာ (၃၇၃၅၃/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ (၈၄၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၀၈၄၀၀/-)ကျပ်တို့အား (၂၅-၉-၂၀၁၈)ရက်နေ့ (၁၀း၃၀)နာရီအချိန်တွင် ငါးသိုင်းချောင်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင်‌့ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more

  • ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောမှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၆-၉-၂၀၁၈)ရက်နေ့တွင် ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ်၊ ဟရိန်ခန်းကျေး ရွာ၌ မြေပြိုဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မီးဘေး၊ မိုးကြိုးဘေး၊ ငလျင်ဘေး အစရှိသော သဘာဝဘေး အန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန် အချက်များကို ဟောပြောပို့ချခဲ့ရာ ကျေးရွာသူ/သားများ စုစုပေါင်း (၅၀)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #chn_sep2018 Source:   ချင်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • ကျောင်းတွင်းအခြေပြုအသိပညာပေးဆွေးနွေးပွဲနှင့် ငလျင်ဘေးအန္တရာယ်သရုပ်ပြဇာတ်တိုက်လေ့ကျင့် ခန်းပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅.၉.၂၀၁၈)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် ဘိုကလေးမြို့နယ်၊ အဆင့်မြင့်ပညာဦးစီးဌာန၊ လေ့ကျင့်ရေး အလယ် တန်းကျောင်းတွင် သဘာဝဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေး အန္တရာယ်ဇာတ်တိုက်လေ့ကျင့်ခြင်း အစီ အစဉ်အား ကျင်းပပြုလုပ်ခဲ့ပါသည်။ နံနက်ပိုင်းတွင် ကျောင်းသား/သူများကို သဘာဝဘေး အသိပညာပေးဆွေးနွေးဟောပြောခြင်း၊ မီးသတ် ဦးစီးဌာနမှ မီးဘေးအကြောင်းဟောပြောခြင်း၊ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးအကြောင်း သိကောင်းစရာများဟောပြောခြင်း၊ ကြက်ခြေနီ သူနာပြုတပ်ခွဲမှ ရှေးဦးပြုစုခြင်းများ ဟောပြောဆွေးနွေးခဲ့ပြီး နေ့လယ်ပိုင်းတွင် ငလျင်ဇာတ်တိုက်လေ့ကျင့်ခြင်းကိုဆောင်ရွက်ခဲ့ဲကြပါသည်။ အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီးနှင့် … Read more

  • သဘာဝဘေး အသိပညာပေးဟောပြောပွဲပြုလုပ် မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၅.၉.၂၀၁၈)ရက်နေ့၊ နံနက်ပိုင်းတွင် ဟဲဟိုးမြို့၊ အ-ထ-က(၄)ကျောင်း၌ ကျောင်းသား/ကျောင်းသူ(၆၀၀)ဦး အား သဘာဝဘေး အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ သဘာဝဘေးဆိုင်ရာအသိပညာပေး ဗီဒီယိုပြသခြင်း၊ လက်ကမ်းစာစောင်များပေးဝေခြင်း နှင့် မိုးကြိုးဘေးဆိုင်ရာ နံရံကပ်ပိုစတာများပေးအပ်ခြင်း များဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_sep2018 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၂၄.၉.၂၀၁၈) ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ကျောက်ရပ်ကျေးရွာတွင် ရွာသူ ရွာသား (၁၀၀)ဦးတို့အား သဘာဝဘေးအသိ ပညာပေးဟောပြောပွဲပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_sep2018 Source:  တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများသည် (၂၃.၉.၂၀၁၈)ရက်နေ့တွင် ပျဉ်းမနားမြို့နယ်အတွင်း ရွာသစ်ကျေးရွာ အုပ်စု၊ ကျွန်းကုန်းကျေးရွာတွင် မီးဘေးဖြစ်ပွားမှုကြောင့် လူနေအိမ်(၁)လုံး မီးလောင်ကျွမ်းခြင်းအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀၀၀၀/-) ကျပ်၊ လူဦးရေ(၅)ဦးအတွက် ဆန်ဖိုးငွေ(၁၀၅၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၂၁၀၅၀၀/-)ကျပ်နှင့် (၃၇၃၅၃/-)ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေး ပစ္စည်း (၁၆)မျိုး(၁)အိမ်ထောင်စာတို့အား (၂၄.၉.၂၀၁၈)နေ့ (၁၁း၃၀)အချိန်တွင် ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ #ha_fir #npw_sep2018 Source:  ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events