Author Archives: Aye Kyimann
-
သဘာဝဘေးလျော့ပါးရေး အသိ ပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၁၁-၂၀၁၈)ရက်နေ့ မွန်းလွဲ (၁၄းဝဝ)နာရီမှ (၁၅း၃၀)နာရီအထိ ကျိုင်းလပ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း (ဝမ်နမ့်)တွင် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၁၇၅)ဦးအား သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ထောက်ပံ့မှုနှုန်းထားများ၊ ဘေး (၈)မျိူး ဆောင်ရန်/ရှောင်ရန်များ၊ ငလျင် ဘေးနှင့်ပတ်သက်၍ လက်တွေ့သရုပ်ပြခြင်း၊ လိုက်ပါဆောင်ရွက်စေခြင်းများ၊ ဗွီဒီယိုများပြသခြင်း၊ ဗွီနိုင်းပိုစတာများဖြန့်ဝေခြင်း၊ လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar … Read more
-
ပြည်ထောင်စုဝန်ကြီးများအဖွဲ့ တောင်ပြိုလက်ဝဲရှိ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးစခန်းသို့ ပြန်လည်လက်ခံရေးအတွက် အဆင့်သင့်ဖြစ်နေ မှုအား သွားရောက်ကြည့်ရှုစစ်ဆေးမှုသတင်း
စစ်တွေ နိုဝင်ဘာ ၁၅ လူဝင်မှုကြီးကြပ်နှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ပြန်လည်လက် ခံရေး၊ ပြန်လည်နေရာချထားရေးလုပ်ငန်းကော်မတီ ဥက္ကဌများဖြစ်ကြသော ဒုတိယဝန်ကြီးများ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့မွန်းလွဲ ၂ နာရီ က စစ်တွေမြို့မှ တောင်ပြိုလက်ဝဲရှိ ပြည်လည်လက်ခံရေးစခန်းသို့ နေရပ်စွန့်ခွာ သူများ ပြန်လည်လက်ခံရေး အတွက် ကြိုတင်ပြင် ဆင်ဆောင်ရွက်မှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။ ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် တောင်ပြိုလက်ဝဲရှိ နေရပ်စွန့်ခွာသူများ … Read more
-
Mainstreaming DRM in Development Plan သင်တန်းကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် (၁၄.၁၁.၂၀၁၈)ရက်နေ့တွင် ကယားပြည်နယ်၊ ဘောလခဲခရိုင်၌ ခရိုင်ဌာန ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ဖွံ့ဖြိုးရေး စီမံကိန်းများတွင် ဘေးအန္တရာယ်နှင့် ရာသီဥတုကြောင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုကို ထည့်သွင်းပေါင်းစပ်ခြင်းဆိုင်ရာသင်တန်း (Mainstreaming DRM in Development Plan training)အား ဖွင့်လှစ်ခဲ့ရာ ခရိုင်အဆင့်ဌာနဆိုင်ရာမှ သင်တန်းသား (၂၆)ဦး တက်ရောက်ခဲ့ပြီး (၃) ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ #ar #kyh_nov2018 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးလျော့ပါးရေး အသိ ပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄.၁၁.၂၀၁၈)ရက်နေ့တွင် (၁၄း၀၀)နာရီအချိန်မ ှ(၁၅း၀၀)နာရီအထိ လွိုင်ကော်မြို့နယ်၊ အ.ထ.က(၇)ကျောင်းရှိ ကျောင်းသား/ ကျောင်းသူ(၂၀၀)ဦးအား သဘာဝဘေး အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kyh_nov2018 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးလျော့ပါးရေး အသိ ပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄.၁၁.၂၀၁၈)ရက်နေ့တွင် နေ့လယ် (၁၃:၃၀)မှ (၁၆:၀၀)နာရီချိန်ထိ လယ်ဝေးမြို့နယ်၊ ကံသာ(အ.ထ.က)စာသင်ကျောင်းတွင် ကျောင်းသား/ကျောင်းသူ(၄၁၈)ဦးတို့အား သဘာဝဘေးအသိပညာများဟောပြောဆောင်ရွက် ခဲ့ပြီး စာသင်ကျောင်းအတွက် ဗီနိုင်းပိုစတာနှင့် ကျောင်းသား/ကျောင်းသူများအား လက်ကမ်း စာစောင်နှင့် ဘောပင်များဖြန့်ဝေခဲ့ကြောင်း သတင်း ရရှိပါသည်။ #ar #npw_nov2018 Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးလျော့ပါးရေး အသိ ပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် (၁၅-၁၁-၂၀၁၈)ရက်နေ့၊ နံနက်(၀၉:၀၀)အချိန်တွင် လောင်းလုံးမြို့နယ်၊ ကမြောကြီးကျေးရွာရှိ မူလွန်ကမြောကြီး ကျောင်း၌ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၁၅၀)ဦးအား သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး ကျောင်းအုပ် ဆရာမကြီးထံသို့ ဗွီနိုင်းပိုစတာပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_nov2018 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် မိုင်းဆတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးငြိမ်းထွေးနှင့်အတူ မိုင်းဆတ်မြို့နယ်၊ မယ်နင်ကျေးရွာအုပ်စု၊ ကာနကျေးရွာတွင် (၈.၁၁.၂၀၁၈)ရက်နေ့ည (၂၀:၃၀)အချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးသင့် အိမ်ထောင်စုတစ်စုအတွက် အိမ်ဆောက် ပစ္စည်းဖိုငွေ(၁၀၀၀၀၀/-)ကျပ်၊ ဘေးသင့်ပြည်သူ (၄)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ(၈၄၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၀၈၄၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၂၁)မျိုးတို့အား (၁၄.၁၁.၂၀၁၈)ရက်နေ့နံနက်ပိုင်းတွင် ဘေးသင့်ပြည်သူလက်ဝယ်သို့ ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #shn_nov2018 Source: မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် (၁၃-၁၁-၂၀၁၈)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် လောင်းလုံးမြို့နယ်၊ ပန်းတင်အင်းကျေးရွာရှိ အ.ထ. က ငပိ တက်ကြီးကျောင်း၌ ပြည်သူ(၂၀၀)ဦးအား သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြော ပွဲပြုလုပ်ခဲ့ပြီး တာဝန်ရှိသူထံသို့ သဘာဝဘေး အသိပညာပေးလက်ကမ်းစာစောင်များနှင့် ဗွီနိုင်းပိုစတာများပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ #ar #tny_nov2018 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန ္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟသာၤတခရိုင်ဦးစီးမှူ းရုံးမှ တာဝန်ရှိသူများသည် (၁၃-၁၁-၂၀၁၈)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် လေးမျက်နှာမြို့နယ်၊ ဒေါင့်ကြီးအုပ်စုအတွင်းရှိ ကျေးရွာခွဲ(၆)ရွာမှ ပြည်သူ(၅၆)ဦးအား သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ ဗွီနိုင်းပိုစတာများပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_nov2018 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး Fulbright English Language Program သင်းတန်းဆင်းပွဲသို့ တက်ရောက်အမှာ စကားပြောကြား
(၃-၁၁-၂၀၁၈)နေ့ ၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် အမေရိကန်နိုင်ငံအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် Fulbright English Language Program သင်တန်းဆင်း လက်မှတ်ပေးအပ်သည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ အရေးပေါ် အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ သင်တန်းဆင်းပွဲနှင့်စပ်လျဉ်း သည့် အမှာစကား ပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် သင်တန်းပို့ချပေးခဲ့သည့် အမေရိကန်နိုင်ငံ … Read more
