
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် (၁၄.၁၁.၂၀၁၈)ရက်နေ့တွင် ကယားပြည်နယ်၊ ဘောလခဲခရိုင်၌ ခရိုင်ဌာန ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ဖွံ့ဖြိုးရေး စီမံကိန်းများတွင် ဘေးအန္တရာယ်နှင့် ရာသီဥတုကြောင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုကို ထည့်သွင်းပေါင်းစပ်ခြင်းဆိုင်ရာသင်တန်း (Mainstreaming DRM in Development Plan training)အား ဖွင့်လှစ်ခဲ့ရာ ခရိုင်အဆင့်ဌာနဆိုင်ရာမှ သင်တန်းသား (၂၆)ဦး တက်ရောက်ခဲ့ပြီး (၃) ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
#ar
#kyh_nov2018
Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)