Author Archives: Aye Kyimann
-
တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးနှင့် ပူတာအို ခရိုင်ဦးစီးမှူးရုံးတို့ပူးပေါင်း၍ ပူတာအိုမြို့ နယ်၊ လုံးစွတ်စစ်ဘေးရှောင်စခန်းနှင့် ဒုတ္တန် စစ်ဘေးရှောင်စခန်းတို့ရှိ အိမ်ထောင်စု(၇၅)စု၊ လူဦးရေ (၃၆၁)ဦးတို့အတွက် အိမ်ထောင်စု(၁)စုလျှင် ကယ်ဆယ်ရေးပစ္စည်း(၇)မျိုးအား ခေတ္တ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ နှင့်အတူ (၂၈-၁၁-၂၀၁၈)ရက်နေ့ မွန်းလွဲပိုင်း(၂:၀၀)နာရီချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #kcn_nov2018 Source: ပူတာအိုခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိ ပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟသာၤတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈.၁၁.၂၀၁၈)ရက်နေ့ (၁၄း၀၀)နာရီချိန်တွင် ကြံခင်းမြို့နယ်၊ ပိုးစုကြီးအုပ်စု၊ ပိုးစုကြီးကျေးရွာ၌ ပြည်သူလူထု (၉၀)ဦးအား သဘာဝဘေးလျော့ပါးရေး အသိ ပညာပေးဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက် လာသူများအား သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်(၈)မျိုးဝေငှခဲ့ပြီး ကျေးရွာရှိ လူစည်ကားရာ နေရာများ၌ အများပြည် သူကြည့်ရှုနိုင်ရန် သဘာဝဘေးအသိပညာပေးဗွီနိုင်း ပိုစတာများကိုကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_nov2018 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား)သင်တန်းဆင်းပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁၁-၂၀၁၈)ရက်နေ့တွင် မံစီမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းအား သင်တန်းသူ၊ သင်တန်းသား(၃၀)ဦးဖြင့် ဖွင့်လှစ်ခဲ့ပြီး အဆိုပါသင်တန်းအား (၂၆-၁၁-၂၀၁၈)ရက်နေ့မှ (၂၈-၁၁-၂၀၁၈)ရက်နေ့ထိ (၃)ရက်တာကျင်း ပပြုလုပ်ခဲ့ပြီးနောက် (၂၈-၁၁-၂၀၁၈)ရက်နေ့၊ (၁၆း၀၀)နာရီအချိန်တွင် သင်တန်းပြီးဆုံး ခဲ့ပြီး သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kcn_nov2018 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့် ASEAN Confederation Women’s Organizations တို့ပူးပေါင်း၍ ၁၈ကြိမ်မြောက် အာဆီယံမိတ်ဖက် အမျိုးသမီးအဖွဲ့အစည်းများ ညီလာခံကျင်းပမှုသတင်း
နိုဝင်ဘာ ၂၈၊ နေပြည်တော် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့် ASEAN Confederation Women’s Organizations တို့ ပူးပေါင်းကျင်းပသည့် Handing Over Ceremony of 18th to the 19th ACWO Presidency အခမ်းအနားကို နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီသည် စတုတ္ထအကြိမ်မြောက် ဘေဂျင်းကမ္ဘာ့အမျိုးသမီးညီလာခံသို့ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိ ပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၁၁-၂၀၁၈)ရက်နေ့တွင် ရေကြည်မြို့နယ်၊ မယင်းကူးကျေးရွာအုပ်စု၊ မယင်းကူးကျေးရွာ၌ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖ၊ ကျောင်းသားကျောင်းသူများ၊ ကျေးရွာသူကျေးရွာသား စုစုပေါင်း(၁၀၀)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_nov2018 Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၁၁-၂၀၁၈)ရက်နေ့ (၁၄း၄၅)နာရီအချိန်၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ သာယာကုန်း ကျေးရွာအုပ်စု၊ ဥယျာဉ်စုကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးမှ မီးဘေးသင့်နေအိမ်(၂)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၂)စုရှိ လူဦးရေ(၅)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀,၅၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၁၀,၅၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၈)မျိုး (ပလပ်စတစ်ပုံးအပါ)(၂)အိမ်ထောင်စာ၊ တန်ဖိုးငွေ(၇၆,၄၃၂/-)ကျပ်အား (၂၈-၁၁-၂၀၁၈)ရက်နေ့ (၁၄း၀၀)နာရီအချိန်၌ မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိ သူများ၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေး အပ်ခဲ့ပါကြောင်း … Read more
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြော ပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ တောင်ဦးကျေးရွာအုပ်စု၊ တောင်ဦးရွာကျေးရွာအုပ် ချုပ်ရေးမှူးရုံး၌ (၂၆-၁၁-၂၀၁၈) ရက်နေ့၊ (၁၃း၀၀)နာရီမှ (၁၄း၃၀)နာရီအချိန်အထိ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာသူ ကျေးရွာသားစုစုပေါင်း (၇၀) ဦးခန့်ဦးတက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင် များဖြန့်ဝေပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_nov2018 Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြော ပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နိုဝင်ဘာလ (၂၇)ရက်နေ့တွင် ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် အခြေခံပညာ ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ဖျာပုံမြို့၊ အမှတ်(၁၈)ရပ်ကွက် အ.လ.က(၂)ကျောင်း တွင် (၁၃း၀၀)နာရီမှ (၁၅း၀၀)နာရီအထိ သဘာ၀ ဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲပြု လုပ်ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမစုစုပေါင်း(၂၀၀)ဦးမှ စိတ်ပါဝင်စား စွာတက်ရောက်၍ အသိပညာဗဟုသုတပေးနိုင်ခဲ့ပြီး လက်ကမ်းစာစောင်နှင့် နံရံကပ်ပိုစတာ များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_nov2018 … Read more
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြော ပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နိုဝင်ဘာလ(၂၇)ရက်နေ့တွင် ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် အခြေခံပညာ ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဖျာပုံမြို့နယ်၊ ကျုံတာကျေးရွာအုပ်စု၊ ရှမ်းကွင်းကျေးရွာ အ.လ.က ကျောင်းတွင် (၁၀း၀၀)နာရီမှ (၁၂း၀၀)နာရီအထိ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမစုစုပေါင်း (၂၀၀)ဦးမှ စိတ်ပါဝင်စား စွာတက်ရောက်၍ အသိပညာဗဟုသုတပေးနိုင်ခဲ့ပြီး လက်ကမ်းစာစောင်နှင့် နံရံကပ်ပိုစတာ များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_nov2018 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည်(၂၅-၁၁-၂၀၁၈) ရက်နေ့ဖြစ်ပွားသော ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ဖအောင်းစုကျေးရွာအုပ်စု၊ ကြာအင်းကျေးရွာမီးဘေး သင့် အိမ်(၁)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုး(၁)သိန်း၊ လူဦးရေ (၆)ဦးအတွက် ဆန်ဖိုး(၁၂၆၀၀/-)ကျပ် စုစုပေါင်း(၁၁၂၆၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၉)မျိုး၊ family kit တစ်ပုံးတို့အား (၂၇-၁၁-၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ #ha_fir #bgo_nov2018 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
