Author Archives: Aye Kyimann

  • သဘာဝဘေးအန္တရာယ်ဆိုင် အသိ ပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်မြထွေးနှင့် အဖွဲ့သည် (၁၂.၁၂.၂၀၁၈)ရက်နေ့ (၀၉း၀၀)နာရီအချိန်တွင် သရက်မြို့ အ.ထ.က(ခွဲ)-၃အထက်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ် ဆိုင် အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူဦးရေ စုစုပေါင်း(၂၅၀)ခန့်တက်ရောက် ခဲ့ပြီး ကျောင်းသုံးဗလာစာအုပ်နှင့် လက်ကမ်းစာစောင် များပေး ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ #ar #mgy_dec2018 Source:  သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးလျော့ပါးရေး အသိ ပညာပေးဟောပြောဆွေးနွေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၁၂-၂၀၁၈)ရက်နေ့၊ (၀၉း၀၀)နာရီမှ (၁၁း၀၀)အထိ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ချောက်ကန်ကျေးရွာအုပ်စု၊ အထက်တန်းကျောင်း(ခွဲ)၌ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာဗဟုသုတများရရှိစေရန် ကျောင်းသား/သူ(၂၅၀)ဦးအား လည်းကောင်း၊ ချောက်ကန်ကျေးရွာအုပ်စု၊ ချောက်ကန်ကျေးရွာတွင် (၁၃း၀၀)နာရီမှ (၁၄း၀၀)နာရီအထိ ကျေးရွာသား/သူ(၇၅)ဦး၊ စုစုပေါင်း (၃၂၅)ဦးတို့အား သဘာဝဘေးလျော့ပါးရေး အသိ ပညာပေးဟောပြောဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ၊ ဘေးအန္တရာယ်အသိပညာပေးဗီနိုင်းများ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_dec2018 Source:  ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ငလျင်ဘေးနှင့် အခြားသဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြု လုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁.၁၂.၂၀၁၈)ရက်နေ့ ၊ နံနက် (၀၉းဝဝ)နာရီမှ နေ့လည် (၁၁:၀၀)နာရီအထိ မိုင်းပျဉ်းမြို့နယ်၊ ဖာဝေါအုပ်စု၊ အခြေခံ ပညာအထက်တန်းကျောင်းခွဲ (ပန်တားလေ)ကျောင်း တွင် တက်ရောက်သူ ဆရာ ဆရာမ နှင့်ကျောင်းသား ကျောင်းသူ စုစုပေါင်း (၁၄၀)ဦးအား ငလျင်ဘေးနှင့် အခြားသဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲ တွင် ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ဘေး (၈) မျိုး ဆောင်ရန်/ရှောင်ရန်များ၊ ငလျင်ဘေးနှင့်ပတ်သက်၍ လက်တွေ့ … Read more

  • လေဖိအားနည်းရပ်ဝန်းအခြေအနေ

    (၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်နေ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ==================================== “ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက် ရှိသော အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအား နည်းရပ်ဝန်းသည် နောက်(၂၄) နာရီအတွင်း ပိုမို အားကောင်းလာကာ မုန်တိုင်းငယ်(Depression) အဖြစ်သို့ ရောက်ရှိလာနိုင်သည်ဟု ခန့်မှန်းရပါသည်။”

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်း(၁/၂၀၁၈) ဖွင့်ပွဲအခမ်း အနားကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ တို့ပူးပေါင်း၍ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် (၁၀-၁၂-၂၀၁၈)ရက်နေ့ (၀၉း၃၀)နာရီအချိန်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း(၁/၂၀၁၈)ဖွင့်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်နယ်ဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ ပြည်နယ်/ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများမှ အရာရှိများ၊ လူမှုအဖွဲ့အစည်းများ၊ သင်တန်းသား/သူများ၊ စုစုပေါင်း အင်အား(၁၀၀)ခန့် တက်ရောက်ခဲ့ကြပြီး (၁၀း၀၀)နာရီအချိန်တွင် အခမ်းအနားပြီး မြောက်ခဲ့ကာ အမှတ်တရမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခြင်း၊ တက်ရောက်လာသူများအား နံနက်စာဖြင့် … Read more

  • မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၈.၁၂.၂၀၁၈)ရက်နေ့တွင် မီးလောင်ကျွမ်းမှုကြောင့် မီးဘေးသင့်ခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချမ်း မြသာစည်ရပ်ကွက်၊ နယ်မြေ(၆)မှ အိမ်ခြေ(၇)လုံး၊ အိမ်ထောင်စု(၆)စုမှ လူဦးရေ(၂၈)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅၈,၈၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၇၀၀,၀၀၀/-)ကျပ်၊စုစုပေါင်းထောက်ပံ့ငွေ (၇၅၈,၈၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၆)အိမ်ထောင်စာတို့ အား (၁၀-၁၂-၁၈)ရက်နေ့တွင် ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #sgg_dec2018 Source:   စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိ ပညာပေးဟောပြောဆွေးနွေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၁၀.၁၂.၂၀၁၈)ရက်နေ့၊ (၀၉း၃၀)နာရီမှ(၁၁း၀၀)နာရီအထိ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ ချမ်းသာကျွန်းကျေးရွာ၊ အမှတ်(၁၃၆)၊ အမက(မူလွန်)ကျောင်း၌ သဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်း၍ အသိပညာဗဟုသုတများရရှိစေရန် ဆရာ/ဆရာမနှင့်ကျောင်း သားကျောင်းသူ (၉၁)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခြင်း ဆောင်ရွက်ခဲြ့ပီး လက်ကမ်းစာစောင်များနှင့် ပိုစတာများ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_dec2018 Source:   စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးကြောင့် ထိခိုက်ဒဏ်ရာရသူအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရသေ့တောင်မြို့နယ်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် (၆.၁၂.၂၀၁၈)ရက်နေ့ (၂၀း၀၀)အချိန်၌ ရသေ့တောင်မြို့နယ်၊ ခနောင်းကြီးကျေးရွာအုပ်စု၊ ရွာသစ်ကေကျေးရွာတွင်ဖြစ်ပွားသော မီးဘေးကြောင့် ထိခိုက်ဒဏ်ရာရရှိသဖြင့် ဆေးရုံတက်ရောက်ကုသမှုခံယူနေရသူနှစ်ဦးအတွက် ထောက်ပံ့ငွေကျပ် (၁၀၀၀၀၀/-) အား (၁၀.၁၂.၂၀၁၈)ရက်နေ့၌ မြို့နယ်ဆေးရုံအုပ်ဆရာဝန်ကြီး၊ ဒုတိယဦးစီးမှူး(မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန)တို့နှင့်အတူ ဒဏ်ရာရရှိသူများ လက်ဝယ်သို့သွားရောက်ထောက်ပံခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #rke_dec2018 Source:  ရသေ့တောငျမွို့နယျဦးစီးမှူး (ဘစမ)

Sign Up

Upcoming Events