Author Archives: Aye Kyimann

  • မုန်တိုင်းသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ကြီးမှူး၍ (၁၈-၁၂-၂၀၁၈)ရက်နေ့မှ (၁၉-၁၂-၂၀၁၈)ရက်နေ့အထိ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ ဘောမိကျေးရွာ အုပ်စု၊ ဘောမိကျေးရွာ၌ မုန်တိုင်းသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းအား ကျင်းပပြုလုပ်ခဲ့ရာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး၊ ဦးသန်းစိုး (ညွှန်ကြားရေးမှူး)မှ အဖွင့်အမှာစကားပြောကြားခြင်း၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးလှမြင့်(ဦးစီးအရာရှိ)၊ ရွှေသောင်ယံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးမင်း မင်းဦး၊ ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီတပ်ဖွဲ့မှ ဦးထွန်းထွန်းဝင်း၊ နယ်မြေခံတပ်ခွဲမှ တပ်ခွဲမှူးနှင့် စစ်သည်များ၊ ကျေးရွာ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ဘောမိကျေးရွာမှ ရပ်မိရပ်ဖများ၊ … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာများ ဟောပြောဆွေးနွေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၂-၂၀၁၈) မွန်းလွဲ (၁၄း၀၀)နာရီမှ (၁၅း၃၀)နာရီအချိန်ထိ ယင်းမာပင် ခရိုင်၊ ယင်းမာပင်မြို့နယ်၊ ပြန်လှည့်ကျေးရွာရှိ ကျေးရွာသူ/ရွာသားများနှင့် ကျောင်းသား/ကျောင်း သူများ စုစုပေါင်း (၂၀၀)ဦးတို့အား သဘာဝဘေး အန္တရာယ်ဆိုင်ရာအသိပညာများ ဟောပြောဆွေးနွေး ခဲ့ပြီး တက်ရောက်လာကြသူများအား လက်ကမ်း စာစောင်နှင့် နံရံကပ်ပိုစတာများဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_dec2018 Source:   ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးတွင် အာဆီယံက ပူးပေါင်း ဆောင်ရွက်ရန်အတွက် အဆင့်မြင့်အရာရှိကြီးများ ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်မှုသတင်း

    ဒီဇင်ဘာ ၁၈ နေပြည်တော် ရခိုင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် အာဆီယံမှပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် မြန်မာနိုင်ငံအစိုးရအကြား အဆင့်မြင့်အရာရှိကြီးများ ညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လည်ပိုင်း တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးက အဖွင့် အမှာစကားပြောကြားရာတွင် စင်ကာပူနိုင်ငံ၌ ကျင်းပခဲ့သည့်(၃၃)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး၏ ဆုံးဖြတ်ချက်နှင့်အညီ ရခိုင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများပြန်လည် လက်ခံရေးနှင့်ပတ်သက်၍ အာဆီယံ၏ ပူးပေါင်းပါဝင်မှုအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အစိုးရသစ်တာဝန်ယူချိန်မှ စတင်ကာ … Read more

  • မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဘောလခဲခရိုင်ဦးစီးမှူးရုံးမှ (၁၅.၁၂.၂၀၁၈)ရက်နေ့တွင် ဖားဆောင်းမြို့နယ်၊ ဖားဆောင်းကျေးရွာအုပ်စု၊ တောင်ပေါ်ကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးသင့်အိမ်ထောင် (၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၂၁)မျိုး(၁)အိမ်ထောင်စာ၊ လူဦးရေ(၂)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၄၂၀၀/-)၊ အိမ်ဆောက် ပစ္စည်းဖိုး(၁၀၀၀၀၀/-)၊ စုစုပေါင်းရန်ပုံငွေ (၁၀၄၂၀၀/-)တို့အား (၁၇.၁၂.၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက် ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #kyh_dec2018 Source:   ဘောလခဲခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ADPC Myanmar Office မှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံမှုသတင်း

    ၁၇ ဒီဇင်ဘာ၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် Asian Disaster Preparedness Centre (ADPC) Myanmar Office ဦးဆောင်သည့် Myanmar Preparedness Task Force အဖွဲ့ဝင်များအား နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌လက်ခံတွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံစဉ် ADPCနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနတို့အကြားနားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုး၍ ဆောင်ရွက်လျက်ရှိသော သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုနှင့် ဘေးလျော့ပါးရေးဆိုင်ရာ ကိစ္စရပ်များ၊ Myanmar Action … Read more

  • အမျိုးသားအဆင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီ ဒုတိယ အကြိမ်အစည်းအဝေးကျင်းပမှုသတင်း

    ဒီဇင်ဘာ ၁၇၊ နေပြည်တော် အမျိုးသားအဆင့် ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေး ကော်မတီ၏ ဒုတိယအကြိမ်အစည်းအဝေးကို ယနေ့ နံနက်ပိုင်း တွင် နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပပြု လုပ်ရာ ကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှုလိုအပ်သော နိုင်ငံတစ်နိုင်ငံ ဖြစ်ပါကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် အမြတ်သေချာမည့် စီးပွားရေးရင်းနှီးမြှုပ်နှံမှုများပြုလုပ်ကြကြောင်း၊ ရင်းနှီးမှု၏ ရလဒ်အကျိုးအမြတ် အသီးအပွင့်များကို ဖွံ့ဖြိုးမှုအဖြစ်ပြည်သူများ ခံစားရ ကြောင်း၊ … Read more

  • သဘာဝဘေးလျော့ပါးရေးအခြေခံသင်တန်း (၁/၂၀၁၈) ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ တိုင်းဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများ သည် ဒက္ခိဏခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ (၁၇-၁၂-၂၀၁၈)ရက်နေ့၊ နံနက်(၀၉း၀၀)အချိန်တွင် သဘာဝဘေးလျော့ပါးရေးအခြေခံသင်တန်း (၁/၂၀၁၈)အား သင်တန်းသား၊ သင်တန်းသူ (၅၀)ဦးတို့ဖြင့် ဖွင့်လှစ်ခဲ့ ရာ နေပြည်တော်ကောင်စီ ဝင် ဦးအောင်မြင်ထွန်း၊ တိုင်း/ခရိုင်အဆင့်မှ ဌာနဆိုင်ရာများ အခြားဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၁၇-၁၂-၂၀၁၈)နေ့မှ (၂၁-၁၂-၂၀၁၈)နေ့အထိ (၅)ရက်တာကြာမြင့်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ #ar #npw_dec2018 Source:     ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ တိုင်းဦးစီးမှူးရုံး … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု မြို့နယ်အဆင့်သင်တန်းကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်မှူးနှင့် ဘောလခဲ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁၂-၂၀၁၈)ရက်နေ့၊ (၀၈း၂၀)နာရီအချိန်တွင် ဘောလခဲမြို့ရှိ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံး၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု မြို့နယ်အဆင့်သင်တန်းအား ဖွင့်လှစ်ခဲ့ရာ သင်တန်းသား (၄၅)ဦး တက်ရောက်ပြီး ဘောလခဲခရိုင် ဒုတိယအုပ်ချူပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဘေးစီမံပြည်နယ်မှူးမှ သင်တန်းဖွင့်လှစ်ရခြင်း ၏ ရည်ရွယ်ချက်ကိုပြောကြားခဲ့ပြီး ဌာနဆိုင်ရာတာဝန်ရှိသူများက သင်ကြားပို့ချသွားမည်ဖြစ်ရာ သင်တန်းကာလမှာ (၁၇-၁၂-၂၀၁၈)နေ့မှ (၂၁-၁၂-၂၀၁၈)နေ့အထိ (၅)ရက် တာ ကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ #ar #kyh_dec2018 Source:   ဘောလခဲခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ဆိုင်ကလုန်းမုန်တိုင်းသတင်း

    =================================== (၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၇)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ——————————————————————– ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၁၆)၊၂၀၁၈ ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ ————————————————————————– ယနေ့မြန်မာစံတော်ချိန်(၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “ဖီထိုင်း”(PHETHAI)သည် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းသို့ရောက်ရှိကာ ဆိုင်ကလုန်းမုန်တိုင်း “ဖီထိုင်း”(PHETHAI) အဖြစ်သို့ အားလျော့သွားခဲ့ပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “ဖီထိုင်း”(PHETHAI) သည် အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့(Chennai)၏ မြောက်-အရှေ့မြောက်ဘက် မိုင်(၂၀၀) ခန့်၊ မာချီလီပတ္တနမ်မြို့ … Read more

Sign Up

Upcoming Events