
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပခုက္ကူခရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၃၀∕၃၁-၃-၂၀၁၉)ရက်နေ့များတွင် နွေဦးရာသီအတွင်း နှစ်စဉ်လေပြင်းဘေးအန္တရာယ်ကြုံတွေ့ရသော ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများ၌ သဘာဝဘေးအန္တရာယ် များကြောင့် ဒေသခံပြည်သူများ၏ အသက်အိုး အိမ်စည်းစိမ်ပစ္စည်းများ ဆုံးရှုံးမှုလျှော့နည်းရန်အတွက် လေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်း အသိပညာပေးလုပ်ငန်းများအပြင် လေဘေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းစီမံချက်ကိုလည်း လက်တွေ့စီမံခန့်ခွဲဆောင်ရွက်လျက်ရှိပါသည်၊၊ လုပ်ငန်း ဆောင်ရွက်ရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပိုက်ကို၊ Dry Zone Network မှ CBO ဦးရဲထွဋ်၊ Guardian Network မှ စီမံကိန်းမန်နေဂျာ ဦးလင်းသူအောင်၊ Pakokku CSOs Platform၊ ပုညမုဒိတာ ကျန်းမာရေးကူညီထောက်ပံ့မှုနှင့် သွေးလှူအသင်း၊ မိတ်ဖက် အဖွဲ့အစည်းများ၊ ကွန်းရွာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမျိုးထွန်းနှင့်အတူ ဒေသခံပြည်သူများလည်း ဝိုင်းဝန်းပူးပေါင်း၍ လေဘေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းအား မိတ်ဆက်ရှင်းလင်း၍ သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ပြီး လေဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄၅၀၀၀၀∕-)(ကျပ်လေး သိန်းငါးသောင်း)၊ သဘာဝဘေးအန္တရာယ်အသိပညာပေး ဗွီဒီယိုဇာတ်လမ်းများနှင့် အသိပညာပေးလက်ကမ်းစာစောင်များအား ဒေသခံ ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်၊၊
ပခုက္ကူမြို့နယ်၊ ကွန်းရွာကျေးရွာအုပ်စု၊ ကွန်းရွာကျေးရွာတွင် နေထိုင်သည့် ထိခိုက်လွယ် အုပ်စုဖြစ်သော အဖွား ဒေါ်ပိုက်သင် (အသက် ၈၀နှစ်)၏ နေအိမ်အား တောင့်တင်းခိုင်မာပြီး ဘေးကင်းလုံခြုံကောင်းမွန်အောင် ဝိုင်းဝန်းပြုပြင်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mgy_apr2019
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)