
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေရှားပါး လျက်ရှိသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ချောင်းဆင်း တဲတိုက်နှင့် စမ်းရိုးအနီး တဲတိုက်စုများရှိ အိမ်ခြေ(၁၀၀) အိမ်ထောင်စု (၁၂၂) လူဦးရေ (၄၈၇)ဦးတို့ကို သောက်သုံးရေဂါလံ (၆၀၀၀)တို့အား (၃၁.၃.၂၀၁၉)ရက်နေ့ (၀၉း၀၀)အချိန်တွင် သွားရောက်ဖြန့်ဝေပေး ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_drg
#mgy_apr2019
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူး (ဘစမ)