လေဘေးဒဏ်ခံနိုင်ခြေရှိသည့်အိမ်ခြေများစာရင်းကောက်ယူခြင်းနှင့် သဘာဝဘေးအသိပညာဟောပြောခြင်းများဆောင်ရွက်မှုသတင်း

24_Pic_01 24_Pic_02
လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများပူးပေါင်း၍ (၂၄.၃.၂၀၁၉) ရက်နေ့၌ ကသာမြို့နယ်၊ ချောင်းဝကျေးရွာအုပ်စု ကချင်စုကျေးရွာတွင် လေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းတစ်ရပ်အနေဖြင့် လေဘေးဒဏ်ခံနိုင်ခြေရှိသည့်အိမ်ခြေများစာရင်းကောက်ယူခြင်း နှင့် သဘာဝဘေးအသိပညာဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar
#sgg_mar 2019
Source:  ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events