Author Archives: Aye Kyimann
-
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်းရေး ဆွဲခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကျင်းပ
ဧပြီ ၂၊ နေပြည်တော် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင် ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်းရေး ဆွဲခြင်းဆိုင်ရာ ညှိနှိုင်းအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် M Gallery Hotel ၌ ကျင်းပရာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင် တက်ရောက်အမှာစကားပြောကြားပါသည်။ ဒုတိယဝန်ကြီးက လူသားအားလုံး သာတူညီမျှရရှိခံစားနိုင်စေရေးအတွက် မသန်စွမ်းသူများ၏ အခွင့်အရေးများနှင့်ပတ် သက်၍ အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်း ရှင်းနှင့်အညီ မသန်စွမ်းသူများ၏ … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား UN-HABITAT၏ Country Programme Manager ဦးဆောင်သောအဖွဲ့က လာရောက်တွေ့ဆုံမှုသတင်း
ဧပြီ ၂၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား UN-HABITAT Country Programme Manager ဖြစ်သူ Mr. Bijay Karmacharya ဦးဆောင်သောအဖွဲ့က ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် UN-HABITAT အဖွဲ့အစည်း တို့အနေဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကိစ္စရပ်များ၊ ဝန်ထမ်းများစွမ်းရည်မြင့်မားရေး အတွက် သင်တန်းများပေးခြင်း၊ နည်းပညာ ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများဖြင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်ရှိ … Read more
-
တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘူးသီးတောင်မြို့နယ်၊ ဒုတိယအုပ်ချုပ်ရေးမှူးဦးလှရွှေနှင့်အတူ ဘူးသီးတောင်မြို့နယ်၊ စေတီတောင်ကျေးရွာသို့ ထပ်မံရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူ (၁၀၀၂)ဦးတို့အတွက် စားရိက္ခာ (၁၄)ရက်စာ ဆန် (၁၄၆)အိတ် (၃)ပြည်၊ ဆီ (၁၇၅.၃၅)ပိဿာ၊ ဆား (၃၅.၀၇)ပိဿာ၊ ပဲ (၇၀၁.၄)ပိဿာ တို့အား (၂.၄.၂၀၁၉)ရက်နေ့တွင် ပြည်သူများ၏လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #rke_apr2019 Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်တုန့်ပြန်ရေးဆိုင်ရာ ကိစ္စရပ်များ ညှိနှုှိုင်းဆွေးနွေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှဦးဆောင်၍ (၂.၄.၂၀၁၉)ရက်နေ့. နံနက် (၀၉း၀၀)နာရီမှ(၁၁း၀၀)နာရီအချိန်ထိ မွန်ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေး ခန်းမ၌ မွန်ပြည်နယ်ရှိ UN/INGO အဖွဲ့အစည်းများမှ တာဝန်ခံများနှင့်တွေ့ဆုံ၍ မွန်ပြည်နယ် သဘာဝဘေးအန္တရာယ် တုန့်ပြန်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ပါ သည်။ အထူးသဖြင့် ရေကြီးရေလျှံမှုဘေး ကြုံတွေ့လာပါက စပ်တပ်ရေယာဉ်များ ကျွမ်းကျင်စွာ ကိုင်တွယ် မောင်းနှင်နိုင်ရေး လေ့ကျင့်မည့် အစီအစဉ်များ ထည့်သွင်း ဆွေးနွေးခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ #ar_otr #mon_apr2019 Source: … Read more
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၃-၂၀၁၉)ရက်နေ့၌ နတ်တလင်းမြို့နယ်၊ ပျဉ်းမကုန်းကျေးရွာအုပ်စု၊ ဆင်သေကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးမှ မီးဘေးသင့်နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-)ကျပ်၊ အိမ်ထောင်စု (၁)စုရှိ လူဦးရေ(၃)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ (၆,၃၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၁၀၆,၃၀၀/-)ကျပ် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး(ပလပ်စတစ်ပုံးအပါ)(၁)အိမ်ထောင်စာအား (၂-၄-၂၀၁၉)ရက်နေ့ (၁၃း၀၀)နာရီအချိန်၌ နတ်တလင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ် ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #bgo_apr2019 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး … Read more
-
လေဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင် ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးသန်းစိုး -၂ ဦးဆောင်သောအဖွဲ့သည် (၂-၄-၂၀၁၉) ရက်နေ့၊ နံနက် (၁၀း၀၀)နာရီမှ (၁၂း၃၀)နာရီအချိန်ထိ လေးမျက်နှာမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (အစည်းအဝေးခန်းမ)တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအား လေဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများအတွက် အိုးအိမ်များပြင်ဆင်ရန် ကနဦးရှင်း လင်းပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar_sgw #ayy_apr2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၁.၄.၂၀၁၉)ရက်နေ့တွင် ရွာငံမြို့နယ်၊ ယုန်တောင်ကျေးရွာရှိ ရေရှားပါးမှုဒဏ်ခံစားနေရသော ပြည်သူများ အတွက် သောက်သုံးရေ (၈၀၀၀) ဂါလံအား သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #shn_apr2019 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား UN Women ၏ ဌာနေကိုယ်စားလှယ်က လာရောက်တွေ့ဆုံမှုသတင်း
ဧပြီ ၁၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား UN Women ၏ ဌာနေကိုယ်စားလှယ် Mr. Nicolas Burniat ဦးဆောင်သည့်အဖွဲ့က ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင် ကျား/မတန်းတူညီမျှရေးနှင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီကို ပြင်ဆင်ဖွဲ့စည်း၍ ဆောင်ရွက်နေမှုများ၊ ကော်မတီကိုပြင်ဆင်ဖွဲ့စည်းခဲ့ရာတွင် ဌာနဆိုင်ရာများသာမက အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများကိုပါ ထည့်သွင်းဖွဲ့စည်းခဲ့မှုများ၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ၏ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု … Read more
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊: ဥတ္တရခရိုင်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် (၁-၄-၂၀၁၉)ရက်နေ့ (၀၃း၂၇)နာရီအချိန်တွင် ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာအုပ်စု၊ ကျည်တောင်ကျေးရွာတွင် နေအိမ် (၁)လုံးမီး လောင်ကျွမ်းခဲ့သည့်အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-)၊ မီးဘေးသင့်လူဦးရေ (၆)ဦး အတွက် ဆန်ရိက္ခာဖိုးငွေ(၁၂၆၀၀/-)၊ စုစုပေါင်းရန်ပုံငွေ (၁၁၂၆၀၀/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (၁)အိမ်ထောင်စုစာတို့ အား (၁.၄.၂၀၁၉)ရက်နေ့ (၁၄း၀၀)နာရီအချိန်တွင် ပြည်သူများလက်ဝယ်သို့ ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #sgg_apr2019 Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
နွေကာလတွင်ဖြစ်ပေါ်တတ်သည့်မိုးလေဝသဖြစ်စဉ်များနှင့် ပတ်သက်၍ကြိုတင်သတိပေးနှိုးဆော်ချက်အမှတ်စဉ်(၀၃/၂၀၁၉)
(နွေကာလတွင် ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များနှင့် =========================================== ပတ်သက်၍ ကြိုတင်သတိပေးနှိုးဆော်ချက် အမှတ်စဉ်(၀၃/၂၀၁၉) ============================================ (၂၀၁၉ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့ထုတ်ပြန်ချက်) ============================================ “မြန်မာနိုင်ငံအရပ်ရပ်တွင် နွေကာလဖြစ်သည့် ဧပြီလအတွင်း နေ့အပူချိန်များ တစ်ဖြည်းဖြည်း မြင့်တက်လာရာမှ အပူပျံတက် တိမ်များဖြစ်ထွန်း၍ မွန်းလွဲ/ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်ပြီး၊ အဆိုပါမိုးတိမ်တောင်များ ရွေ့လျားရာနေရာ တစ်လျှောက်တွင် လေပြင်းများ တိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေ ခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်း စသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသည်။ … Read more
