လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား UN-HABITAT Country Programme Manager ဖြစ်သူ Mr. Bijay Karmacharya ဦးဆောင်သောအဖွဲ့က ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံပါသည်။
ထိုသို့တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် UN-HABITAT အဖွဲ့အစည်း တို့အနေဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကိစ္စရပ်များ၊ ဝန်ထမ်းများစွမ်းရည်မြင့်မားရေး အတွက် သင်တန်းများပေးခြင်း၊ နည်းပညာ ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများဖြင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများအတွက် ပြန်လည်ထူ ထောင်ခြင်း၊ ပြန်လည်နေရာချထားခြင်းဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ UN-HABITAT အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက် နိုင် မည့် အခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်း ဂျပန်နိုင်ငံ၏အလှူငွေဖြင့် UN-HABITAT နှင့် MOU ရေးထိုးဆောင်ရွက်မည့် “Rakhine Settlements Support Project : RASSP ” စီမံကိန်း အကောင်အထည်ဖော်ရန်ကိစ္စ၊ စီမံချက်ဆောင်ရွက်ရာတွင် ဒေသခံပြည်သူ လူထု ၏ သဘောထားအမြင် များကိုနားထောင်ခြင်း၊ ဆွေးနွေးခြင်း များပြုလုပ်၍ သက်ဆိုင်ရာအုပ်ချုပ်မှု အဖွဲ့အစည်းများ၊ ပြည်နယ်အစိုးရ၊ ပြည်ထောင်စု အစိုးရတို့နှင့် ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်မှုများနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးကြကြောင်း သတင်းရရှိပါသည်။
#hl1_otr
#npw_apr2019
Source: MSWRR