
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘူးသီးတောင်မြို့နယ်၊ ဒုတိယအုပ်ချုပ်ရေးမှူးဦးလှရွှေနှင့်အတူ ဘူးသီးတောင်မြို့နယ်၊ စေတီတောင်ကျေးရွာသို့ ထပ်မံရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူ (၁၀၀၂)ဦးတို့အတွက် စားရိက္ခာ (၁၄)ရက်စာ ဆန် (၁၄၆)အိတ် (၃)ပြည်၊ ဆီ (၁၇၅.၃၅)ပိဿာ၊ ဆား (၃၅.၀၇)ပိဿာ၊ ပဲ (၇၀၁.၄)ပိဿာ တို့အား (၂.၄.၂၀၁၉)ရက်နေ့တွင် ပြည်သူများ၏လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#otr
#rke_apr2019
Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)