
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှဦးဆောင်၍ (၂.၄.၂၀၁၉)ရက်နေ့. နံနက် (၀၉း၀၀)နာရီမှ(၁၁း၀၀)နာရီအချိန်ထိ မွန်ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေး ခန်းမ၌ မွန်ပြည်နယ်ရှိ UN/INGO အဖွဲ့အစည်းများမှ တာဝန်ခံများနှင့်တွေ့ဆုံ၍ မွန်ပြည်နယ် သဘာဝဘေးအန္တရာယ် တုန့်ပြန်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ပါ သည်။ အထူးသဖြင့် ရေကြီးရေလျှံမှုဘေး ကြုံတွေ့လာပါက စပ်တပ်ရေယာဉ်များ ကျွမ်းကျင်စွာ ကိုင်တွယ် မောင်းနှင်နိုင်ရေး လေ့ကျင့်မည့်
အစီအစဉ်များ ထည့်သွင်း ဆွေးနွေးခဲ့ပါ ကြောင်း သတင်းရရှိပါသည်။
#ar_otr
#mon_apr2019
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)