Author Archives: Aye Kyimann

  • လေဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်း မြို့နယ်၊ ဓမ္မသော်ကျေးရွာအုပ်စု၊ ပေပင်ကုန်းကျေးရွာနှင့် အရာတော်ကျေးရွာအုပ်စု၊ ဗြူဂေါင်းကျေးရွာတို့၌ (၂.၆.၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားသော လေဘေးသင့် အမိုးလန်နေအိမ် (၄)လုံးတို့အတွက် တန်ဖိုးသင့်နှုန်းထားများဖြင့် စုစုပေါင်းအိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၄၂,၅၀ဝ/-)ကျပ်အား (၅.၆.၂၀၁၉)ရက်နေ့ (၀၉:၃၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူထံ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_jun2019 Source:  ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)  

  • သဘာဝဘေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄.၆.၂၀၁၉)ရက်နေ့၊ နေ့လယ်(၁:၀၀)နာရီအချိန်တွက် ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ် ဗျောတောဝ ရပ်ကွက်ရှိ ပြည်သူလူထု (၁၀၀)ဦးအား သဘာဝဘေး အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_jun2019 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)  

  • သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် ဖရူဆိုမြို့နယ်အုပ်ချုပ်ရေး မှူးရုံးမှ ဝန်ထမ်းများနှင့်အတူ (၃၁.၅.၂၀၁၉)ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ မြို့မကျေးရွာအုပ်စု၊ ခေါသမောကျေးရွာ၊ ထီးသော်တနီးကူးကျေးရွာ၊ လောခုခူကျေးရွာ များသို့ ဂါလံ (၈၀၀)ဆံ့ ရေသယ်ယာဉ်(၃)စီး၊ (၁.၆.၂၀၁၉) ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ မြို့မကျေးရွာအုပ်စု၊ ခေါသမော ကျေးရွာ၊ ထီးသော်တနီးကူးကျေးရွာ၊ လောခုခူကျေးရွာများသို့ ဂါလံ (၈၀၀)ဆံ့ ရေသယ်ယာဉ် (၄)စီးဖြင့် သောက်သုံးရေသွားရောက် ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #kyh_jun2019 Source:   ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်မှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄.၆.၂၀၁၉) ရက်နေ့ ညနေ (၃:၀၀) နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြို့နယ်သဘာဝဘေးအန္တ ရာယ်စီမံခန့်ခွဲမှုကော်မတီဝင်များနှင့် မိုးညိုမြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းစီမံချက်လမ်းညွှန်စာအုပ်အသစ် ပြန်လည်ပြုပြင်မွမ်းမံနိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ စုစုပေါင်းအင်အား (၂၀)ဦးခန့်တက်ရောက် ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #bgo_jun2019 Source:  မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝလျော့ပါးရေးစေတနာ့ဝန်ထမ်း (လူငယ်) သင်တန်းကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝလျော့ ပါးရေးစေတနာ့ဝန်ထမ်း (လူငယ်) သင်တန်းအား (၅-၆-၂၀၁၉) ရက်နေ့မှ (၇-၆-၂၀၁၉) ရက်နေ့ အထိ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန community centre ၌ ဖွင့်လှစ်ခဲ့ရာ ကော့ကရိတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန တာဝန်ရှိသူတစ်ဦးမှ သင်တန်းဖွင့်အမှာစကားပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဦးစီးအရာရှိ ဦးထွန်းထွန်းဦးမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ သင်တန်းဖွင့်ပွဲ၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများ သင်တန်းသား/သူများ စုစုပေါင်း (၅၀) … Read more

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး UNICEF (Myanmar) ၏ ဌာနေကိုယ် စားလှယ်ဖြစ်သူ Ms. June Kunugi အား လက်ခံတွေ့ဆုံမှုသတင်း

    ဇွန် ၄၊  နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား UNICEF(Myanmar)၏ ဌာနေကိုယ်စားလှယ်ဖြစ် သူ Ms. June Kunugi က အဆိုပါဝန်ကြီးဌာန၊ မေခလာခန်းမတွင် ယနေ့နံနက်ပိုင်းက လာရောက်တွေ့ဆုံပါသည်။ တွေ့ဆုံရာတွင် Ms. June Kunugi က ပြည်ထောင်စုဝန်ကြီးအနေဖြင့် အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုစ်အေရီမြို့တွင် ကျင်းပမည့် ဒုတိယအကြိမ် ကမ္ဘာလုံးဆိုင်ရာ မသန်စွမ်းမှုညီလာခံသို့ တက်ရောက်မည်ဟု သိရပြီး မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာကိစ္စရပ်များတွင် ဦးဆောင်ဦးရွက်ပြု၍ တိုးတက်မှုများစွာဖြစ် ထွန်းလာခြင်းအတွက် ဂုဏ်ယူပါကြောင်း၊ မြန်မာနိုင်ငံ၏ … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေး ပွဲပြုလုပ်ကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခန္တီးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပပြုလုပ် သည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အကြို သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲတွင် ခရိုင်မီးသတ်ဦးစီးဌာန၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်တို့နှင့်အတူ (၄-၆-၂၀၁၉) ရက်နေ့ (၀၉း၀၀)နာရီအချိန်တွင် ခန္တီးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန ခန်းမ၌ ကျောင်းသူ၊ ကျောင်းသား (၁၂၀) ဦးတို့အား အသိပညာပေးလုပ်ငန်း များဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_jun2019 Source:  ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေး ပွဲပြုလုပ်ကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြန်ဆက်ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၄.၆.၂၀၁၉)ရက်နေ့ (၁၀း၀၀)နာရီတွင် ကော့ကရိတ်မြို့နယ်၊ ဝဲကင်းအံကျေးရွာ အ.လ.က ဝဲကင်း အံကျာင်းမှ ဆရာ/မနှင့် ကျောင်းသား/သူ (၁၅၀)ဦးခန့်အား သဘာဝဘေးအန္တရာယ် အသိပညာပေး ဟောပြောခဲ့ပြီး လက်ကမ်း စာစောင်များအားဝေငှပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #krn_jun2019 Source:  ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၅-၂၀၁၉)ရက်နေ့၊ (၂၂-၅-၂၀၁၉)ရက်နေ့နှင့် (၂၄-၅-၂၀၁၉)ရက်နေ့၌ သာယာဝတီခရိုင်၊ ကြို့ပင်ကောက် မြို့နယ်၊ ကျေးရွာအုပ်စု(၇)စု၊ ကျေးရွာ(၁၆)ရွာတို့တွင် ဖြစ်ပွားခဲ့သော လေဘေးမှ ပြိုလဲနေအိမ်(၅)လုံးနှင့် အမိုးလန်နေအိမ်(၇၀) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃,၀၆၅,၀၀၀)ကျပ်၊ ပြိုလဲအိမ်ထောင်စု(၅)စုရှိ လူဦးရေ(၁၆)ဦးတို့အတွက် ဆန်ရိက္ခာ ဖိုးထောက်ပံငွေ (၃၃,၆၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃,၀၉၈,၆၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး(ပလပ်စတစ်ပုံးအပါ)(၅)အိမ်ထောင်စာအား (၄-၆-၂၀၁၉)ရက်နေ့ (၁၂းဝဝ)နာရီအချိန်တွင် ကြို့ပင်ကောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကြို့ပင်ကောက်မြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ … Read more

Sign Up

Upcoming Events