Author Archives: Aye Kyimann

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဗွီနိုင်းဆိုင်းဘုတ်များအား သွားရောက်စိုက်ထူပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၂၁.၄.၂၀၁၉)ရက်နေ့တွင် သဘာဝဘေးအမျိုးမျိးနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်အချက်အလက်များအား ပြည်သူူလူထုများ သိရှိစေရန်အတွက် ကျောက်ဖြူမြို့အဝင်ကားလမ်းမဘေးနှင့် ကျောက်ဖြူမြို့၊ ဗိုလ်ငမောက်လမ်းနှင့် ရုံးတက်လမ်းဆုံနေရာအနီးတို့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဗွီနိုင်းဆိုင်းဘုတ်များအား သွားရောက်စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #rke_apr2019 Source:  ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ကယားပြည်နယ်ဦးစီးမှူးရုံးမှ သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇.၄.၂၀၁၉) ရက်နေ့တွင်  ဖရူဆိုမြို့နယ်၊ မာခရော်ရှေ့ကျေးရွာအုပ်စု၊ ဒေါသဲကျေးရွာနှင့် တနောကလောကျေးရွာ များသို့  ဂါလံ(၁၀၀၀)ဆံ့ ရေသယ်ယာဉ်(၂)စီး၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျေးရွာအုပ်စု၊ ဒေါတမကြီးကျေးရွာသို့ ဂါလံ(၃၀၀၀)ဆံ့ ရေသယ်ယာဉ်(၁)စီး၊ ဘောလခဲမြို့နယ်၊ ဘူးခူကျေးရွာအုပ်စု၊ ထားလဲကျေးရွာသို့ ဂါလံ(၁၆၀၀)ဆံ့ရေသယ်ယာဉ်(၂)စီး၊ စုစုပေါင်းရေသယ်ယာဉ် (၅)စီးဖြင့် ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းများနှင့်အတူ သောက်သုံးရေများ သွားရောက် ဖြန့်ဝေပေးခဲ့ကြောင်း သတင်း ရရှိပါသည်။ #ha_drg #kyh_apr2019 Source:   ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ လေပြင်းဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဆီဆိုင်မြို့နယ်၊ ပါလောပါကယ် ကျေးရွာအုပ်စု၊ နောင်လုံကျေးရွာနှင့် တိကလိုင်ကျေးရွာတို့တွင် လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ သွန်းမှုကြောင့် အမိုးလန်ပျက်စီးခဲ့သော လူနေအိမ် (၄၅)လုံးနှင့် ဘုန်းတော်ကြီးကျောင်း (၂)ကျောင်းအတွက် အိမ်ဆောက်/ကျောင်းဆောက်ပစ္စည်းဖိုး (၃,၇၀၉,၀၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၄၅) အိမ်ထောင်စုစာအား (၁၈.၄.၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #shn_apr2019 Source:   ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ လေဘေး သင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၄-၂၀၁၉) ရက်နေ့တွင် လေပြင်းတိုက်ခတ်၍ မိုးသီးကြွေကျမှုကြောင့် ကန့်ဘလူခရိုင်၊ ကျွန်းလှ မြို့နယ်၊ ညောင်ကုန်းကျေးရွာအုပ်စုရှိ လူနေအိမ်(၆၈)အိမ်မှ အိမ်ထောင်စု (၆၈)စုအတွက် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၁,၃၃၀,၀၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၅)မျိုး (၆၈)အိမ်ထောင်စာတို့အား (၁၈-၄-၂၀၁၉)ရက်နေ့တွင် ညောင်ကိုင်းကျေးရွာရှိ ဘေးသင့်ပြည်သူထံသို့ ကွင်းဆင်းထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #sgg_apr2019 Source:  ကန့်ဘလူခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • ကောလင်းမြို့နယ်တွင် လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  ကောလင်းမြို့နယ်ကျောက်တန်းကျေးရွာအုပ်စု၊ ကျောက်တန်းကျေးရွာ၊ ပဒုမ္မာကျေးရွာအုပ်စု၊ ကျွန်းတောကျေးရွာနှင့် တောင်ဘို့လကျေးရွာအုပ်စု၊ ပွဲခံကျေးရွာတို့တွင် (၁၅.၄.၂၀၁၉)နေ့ (၁၄:၀၀)နာရီအချိန်၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်သွားသော အိမ်ထောင်စု(၃)စု၊ ကယ်ဆယ်ရေးပစ္စည်း(၄)မျိုးနှင့် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေစုစုပေါင်း (၁၂၅,၀၀ဝ/-)ကျပ်(တစ်သိန်းနှစ်သောင်းငါးထောင်တိတိ)အား (၁၈.၄.၂၀၁၉)ရက်နေ့ (၁၂:၀၀)နာရီအချိန်တွင် ရပ်ကွက်ကျေးရွာစာရေးထံသို့ လွှဲအပ်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #sgg_apr2019 Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • ကောလင်းမြို့နယ်တွင် လေဘေးထောက်ပံ့မှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကောလင်းမြို့နယ်၊ ပန်းမရဲကျေးရွာအုပ်စု၊ အောင်ချမ်းသာကျေးရွာ၊ ရွာသစ်ကျေးရွာနှင့် ပေတပင်ကျေးရွာတို့ တွင်(၂.၄.၂၀၁၉)ရက်နေ့ (၁၈း၀၀)နာရီ အချိန်တွင် လေပြင်းတိုက်ခတ် မှုကြောင့် အမိုးလန်သွားသော ဘုန်းကြီးကျောင်း(၃)ကျောင်း၊ ကိုယ်ထူကိုယ်ထဖြင့် ဆောက်လုပ်ထားသော ဝန်ထမ်းအိမ်(၂)အိမ်၊ အိမ်ထောင်စု(၅၂)စု၊ ကယ်ဆယ်ရေးပစ္စည်း(၅)မျိုးနှင့် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ စုစုပေါင်း (၁,၅၀၀,၀၀၀/-)ကျပ် (တစ်ဆယ့်ငါးသိန်းတိတိ) အား (၄.၄.၂၀၁၉)ရက်နေ့ (၂း၀၀)နာရီ အချိန်တွင် ဘေးသင့်ပြည်သူတို့ လက်ဝယ်အရောက် ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #sgg_apr2019 Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events