Author Archives: Aye Kyimann
-
ဒဏ်ရာရလူနာတစ်ဦးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရသေ့ တောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆.၁၁.၂၀၁၉) ရက်နေ့တွင် ရသေ့တောင်မြို့၊ ငတောက်တူချေကျေးရွာနေ ဒေါ်အေးသိန်းလှိုင်၊ အသက် (၃၃)နှစ် လက်မောင်းကျည်ထိမှန် ဒဏ်ရာရအတွက် ထောက်ပံ့ငွေ (၅၀၀၀၀/-) ကျပ်တို့ကို ဒဏ်ရာရလူနာ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #rke_nov2019 Source: ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ဒုတိယဝန်ကြီးဦးစိုးအောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ရှန်ဟိုင်းမြို့ရှိ အမှတ်(၁) ဘိုးဘွားရိပ်သာသို့ သွားရောက်လေ့လာမှုသတင်း
နိုဝင်ဘာလ ၁၆၊ နေပြည်တော် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့ရေးရာဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရောက်ရှိ နေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လေ့လာရေးခရီးစဉ် တတိယနေ့အဖြစ် (၁၅.၁၁.၂၀၁၉)ရက်နေ့တွင် ပေကျင်းမြို့မှ ရှန်ဟိုင်းမြို့သို့ ဆက်လက်ထွက်ခွာခဲ့ပြီး ယင်းနေ့ နေ့လယ်ပိုင်းတွင် ရှန်ဟိုင်းမြို့ရှိ အမှတ်(၁)ဘိုးဘွားရိပ်သာသို့ သွားရောက်လေ့လာခဲ့ရာ ရှန်ဟိုင်းဒေသ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးချုပ် Mr. Qinhao Zhu နှင့် တာဝန်ရှိသူများက လက်ခံ တွေ့ဆုံခဲ့ပါသည်။ ရှေးဦးစွာ ရှန်ဟိုင်းဒေသ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုဌာနမှ … Read more
-
မကွေးတိုင်းဒေသကြီးအတွင်း ရှေးဦးအရွယ်ကလေးသူငယ်ကဏ္ဍ ဖွံ့ဖြိုးရေးလုပ်ငန်းနှင့် မသန်စွမ်းသူများအား ထောက်ပံ့ခြင်း လုပ်ငန်းများ ဆောင်ရွက်မှုသတင်း
နိုဝင်ဘာ ၁၆ ၊ မကွေး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ တိုင်းဒေသကြီးလွှတ်တော်ဉက္ကဌနှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီးအတွင်း ရှေးဦးအရွယ်ကလေးသူငယ်ကဏ္ဍ ဖွံ့ဖြိုးရေးလုပ်ငန်း နှင့် မသန်စွမ်းသူများအား ထောက်ပံ့ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၌ ဆရာမကြီး ဒေါ်ခင်ခင်ဝင်း ဦးစီးသော ကြယ်စင်ကောင်းကင်နေ့ရင်ခွင် ကိုယ့်အားကိုယ်ကိုး စေတနာမူကြိုကျောင်းသို့သွားရောက်ခဲ့ကြပြီး ကျောင်း၏ ကော်မတီအဖွဲ့ဝင်များ၊ ကလေးငယ်များ၏ မိဘများ၊ မိသားစုဝင်များနှင့် တွေ့ဆုံခဲ့ကြပါသည်။ … Read more
-
သဘာဝဘေး အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ (၁၆-၁၁-၂၀၁၉) ရက်နေ့ နံနက် (၁၀:၀၀) နာရီချိန်တွင် မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုင်းခုတ်မြို့နယ်၊ လွယ်ဆောင်း ကျေးရွာအုပ်စု ရေပူစမ်းကျေးရွာ၌ ရွာသူရွာသား (၅၀) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေး ပြောဟောခြင်းနှင့် လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_nov2019 Source: မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေး အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၁၁-၂၀၁၉) ရက်နေ့၊ (၁၃:၀၀)နာရီမှ (၁၅:၀၀)နာရီအချိန်အထိ ပြည်ခရိုင်၊ ပေါင်းတည် မြို့နယ်၊ မဲခေါင်းကျေးရွာအုပ်စု၊ ခြောက်လုံးပြူးကျေးရွာ၌ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြော ဆွေးနွေးခြင်း၊ နံရံကပ်ပိုစတာများပေးအပ်ခြင်း၊လက်ကမ်းစာစောင်များပေးဝေခြင်း၊ ခေါက်ဆွဲခြောက်များပေးဝေခြင်းတို့ ဆောင်ရွက်ခဲ့ရာ ကျေးရွာသူ /သား စုစုပေါင်း (၁၅၀) ဦးခန့်တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #bgo_nov2019 Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေး အသိပညာပေး ဟောပြောဆွေးနွေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်း ဒေသကြီးဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅.၁၁.၂၀၁၉) ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ စက်ကုန်း ပိုင်းရပ်ကွက်၊ အနောမာရုံကွင်းကျောင်းဓမ္မာရုံတွင် (၁၃း၀၀)နာရီမှ (၁၄း၃၀)နာရီအချိန်ထိ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များအား အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များနှင့် ဗလာစာအုပ်များ ဝေဌခြင်းတို့ပြုလုပ်ခဲ့ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်သူ၊ ရပ်ကွက်သား (၁၅၀)ဦးတို့တက်ရောက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ #ar #bgo_nov2019 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေး အသိပညာပေး ဟောပြောဆွေးနွေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅.၁၁.၂၀၁၉) ရက်နေ့ (၁၃:၀၀)နာရီမှ (၁၄:၃၀)နာရီထိ မော်လမြိုင်မြို့နယ်၊ မရမ်းကုန်းရပ်ကွက် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးပွဲဆောင်ရွက်ခဲ့ရာ ဆရာမနှင့် ကျောင်းသူ (၃၀၀) ဦးခန့် တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_nov2019 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁၁-၂၀၁၉)ရက်နေ့၌ ဗန်းမော်မြို့နယ်၊ ကောင်းစင့်ကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် အိမ်ထောင်စု(၁)စု၊ လူဦးရေ(၄)ဦးတို့သည် ကြိုတင်ဖျက်သိမ်းပြောင်းရွေ့ခဲ့ကြပါသည်။ ကြိုတင်ဖျက်သိမ်းအိမ်ထောင်စု (၁) စု၊ လူဦးရေ(၄)ဦးအတွက် (၇) ရက်စာ ဆန်ဖိုးရိက္ခာငွေ(၈၄၀၀/-) ကျပ်နှင့် ပြောင်းရွေ့စရိတ် (၁၀၀၀၀၀/-)ကျပ်၊ စုစုပေါင်း (၁၀၈၄၀၀/-) ကျပ်တို့ကို (၁၅-၁၁-၂၀၁၉)ရက်နေ့ (၁၅:၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူ့များထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #kcn_nov2019 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား နယူးဇီလန်နိုင်ငံသံအမတ်ကြီး၊ နော်ဝေနိုင်ငံသံအမတ်ကြီးနှင့် ဆွစ်ဇာလန်နိုင်ငံမှ Geneva International Centre for Humanitarian Demining (GICHD)၏ General Director တို့က သီးခြားစီလာရောက်တွေ့ဆုံမှုသတင်း
အောက်တိုဘာ ၃၀၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား နယူးဇီလန် နိုင်ငံသံအမတ်ကြီး H.E Mr. Stephen Marshall ၊ နော်ဝေနိုင်ငံသံအမတ်ကြီး H.E Ms. Tone Tinnes နှင့် ဆွစ်ဇာလန်နိုင်ငံမှ Geneva International Centre for Humanitarian Demining (GICHD)၏ General Director ဖြစ်သူ Ambassador Mr. Stefano Toscano တို့က ယနေ့မွန်းလွဲပိုင်းတွင် … Read more
-
အမျိုးသားအဆင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ မူဝါဒရေးဆွဲရေး လုပ်ငန်းစဉ် မိတ်ဆက်ပွဲ အခမ်းအနားကျင်းပမှုသတင်း
အောက်တိုဘာလ ၃၀ ၊ နေပြည်တော် အမျိုးသားအဆင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ မူဝါဒရေးဆွဲရေး လုပ်ငန်းစဉ်မိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက နေပြည်တော် Park Royal ဟိုတယ်၌ ကျင်းပရာ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာမူဝါရေးဆွဲရေး ဦးဆောင် ကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အမျိုးသားအဆင့် ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ မူဝါဒရေးဆွဲရေးလုပ်ငန်း စဉ်သည် ကလေးသူငယ်များ၏ အကောင်းဆုံး အကျိုးစီးပွားကို လက်တွေ့ကျကျဖော်ဆောင်ပေးရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ … Read more
