လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်း ဒေသကြီးဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅.၁၁.၂၀၁၉) ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ စက်ကုန်း ပိုင်းရပ်ကွက်၊ အနောမာရုံကွင်းကျောင်းဓမ္မာရုံတွင် (၁၃း၀၀)နာရီမှ (၁၄း၃၀)နာရီအချိန်ထိ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များအား အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များနှင့် ဗလာစာအုပ်များ ဝေဌခြင်းတို့ပြုလုပ်ခဲ့ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်သူ၊ ရပ်ကွက်သား (၁၅၀)ဦးတို့တက်ရောက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။
#ar
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)