ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား နယူးဇီလန်နိုင်ငံသံအမတ်ကြီး၊ နော်ဝေနိုင်ငံသံအမတ်ကြီးနှင့် ဆွစ်ဇာလန်နိုင်ငံမှ Geneva International Centre for Humanitarian Demining (GICHD)၏ General Director တို့က သီးခြားစီလာရောက်တွေ့ဆုံမှုသတင်း

31_Pic_02 31_Pic_03 31_Pic_04

အောက်တိုဘာ ၃၀၊ နေပြည်တော်

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား နယူးဇီလန် နိုင်ငံသံအမတ်ကြီး H.E Mr. Stephen Marshall ၊ နော်ဝေနိုင်ငံသံအမတ်ကြီး H.E Ms. Tone Tinnes နှင့် ဆွစ်ဇာလန်နိုင်ငံမှ Geneva International Centre for Humanitarian Demining (GICHD)၏ General Director ဖြစ်သူ Ambassador Mr. Stefano Toscano တို့က ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ အသီးသီး လာရောက် တွေ့ဆုံကြပါသည်။

မြန်မာနိုင်ငံဆိုင်ရာနယူးဇီလန်နိုင်ငံသံအမတ်ကြီးနှင့်တွေ့ဆုံရာတွင် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ မသန်စွမ်းသူများ ဖွံ့ဖြိိုးတိုးတက်ရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာကိစ္စရပ်များ၊ မသန်စွမ်းသူများ တရားစီရင်ရေးကို လက်လှမ်းမီ ရရှိရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက် ၍ မြန်မာနိုင်ငံနှင့်နယူးဇီလန်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့်စပ်လျဉ်း၍ လည်းကောင်း၊ နော်ဝေနိုင်ငံနိုင်ငံသံအမတ်ကြီးနှင့် တွေ့ဆုံရာတွင် မိုင်းအန္တရာယ်အသိပညာပေးခြင်းနှင့် မိုင်းဒဏ်ခံစားရသူများအား ထောက်ပံ့ပေးနေမှုနှင့်ပြန်လည်ထူထောင်ရေးကိစ္စရပ်များ၊ ယခုနှစ် နိုဝင်ဘာလအတွင်း နော်ဝေနိုင်ငံ အော်စလိုမြို့တွင်ကျင်းပမည့် Anti-Personnel Mine Ban Convention ၏ စတုတ္ထအကြိမ်မြောက် ညီလာခံနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များ၊ ရခိုင် ပြည်နယ်အရေးကိစ္စနှင့်စပ်လျဉ်း၍ နောက်ဆုံးအခြေအနေများ၊ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့်စပ်လျဉ်း၍ လူသားချင်း စာနာထောက်ထား မှုကိုအခြေခံသည့် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်စပ်လျဉ်း၍လည်းကောင်း၊ ဆွစ်ဇာလန်နိုင်ငံမှ Geneva International Centre for Humanitarian Demining (GICHD)၏ General Director ဖြစ်သူ Ambassador Mr. Stefano Toscano နှင့်တွေ့ဆုံရာတွင် ယနေ့ကျင်းပသည့် National Mine Action Authority အလုပ်ရုံဆွေးနွေးပွဲနှင့်ပတ်သက်သည့် အကြောင်းအရာများ၊ မိုင်းကိစ္စများနှင့်စပ်လျဉ်း၍ အာဆီယံဒေသတွင်း မိုင်းစင်တာ (ARMAC)နှင့်ပူးပေါင်းဆောင်ရွက်နေမှုများ၊ မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွစ်ဇာလန်နိုင်ငံနှင့် Geneva International Centre တို့နှင့် ပူးပေါင်း ဆောင်ရွက် နိုင်မည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

#hl1_otr

#npw_oct2019

 Source:  MSWRR

Sign Up

Upcoming Events