လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၁၁-၂၀၁၉) ရက်နေ့၊ (၁၃:၀၀)နာရီမှ (၁၅:၀၀)နာရီအချိန်အထိ ပြည်ခရိုင်၊ ပေါင်းတည် မြို့နယ်၊ မဲခေါင်းကျေးရွာအုပ်စု၊ ခြောက်လုံးပြူးကျေးရွာ၌ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြော ဆွေးနွေးခြင်း၊ နံရံကပ်ပိုစတာများပေးအပ်ခြင်း၊လက်ကမ်းစာစောင်များပေးဝေခြင်း၊ ခေါက်ဆွဲခြောက်များပေးဝေခြင်းတို့ ဆောင်ရွက်ခဲ့ရာ ကျေးရွာသူ /သား စုစုပေါင်း (၁၅၀) ဦးခန့်တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)